25 C
Yangon

မူဆယ်၊ နမ့်ကတ်ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားစဉ် စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

Must read

မူဆယ်၊ နမ့်ကတ်ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားစဉ် စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၃၀

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ နမ့်ကတ်ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားစဉ် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၉ ရက်နေ့ နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ မူဆယ်မြို့နယ် နမ့်ကတ်ကျေးရွာအနီး တောင်ကုန်းတွင် အကြမ်းဖက်စစ်တပ်နှင့် နမ့်ခမ်းမြို့မပြည်သူ့စစ်ပူးပေါင်းတပ်ကို တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်TNLA ကတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က ပြည်သူရှိရာ ကျေးရွာဘက်သို့ လက်နက်ကြီးများ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သဖြင့် ပြည်သူ ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောသည်။

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပန်ကိုင်အုပ်စု နမ့်ခုမ့်ရွာနှင့် လွယ်ကုန်ရွာအတွင်း ၃ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး လွယ်ကုန်ရွာရှိ ယာအေးအိုင် ၏ နေအိမ်အတွင်း လက်နက်ကြီး ၁ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အသက် ၆၅ နှစ်အရွယ် ယာအေးအိုင် ၏ ရင်အုံ၊ ဦးခေါင်းတွင် ကျည်စ ထိမှန်သေဆုံးခဲ့ပြီး သမီးနှင့် မြေးဖြစ်သူမှာ မျက်နှာ၊ ပေါင်၊ ညာဘက်လက်တို့တွင် ထိခိုက်ဒဏ်ရာ ပြင်းထန် ရရှိခဲ့ကြောင်း၊ ၎င်းတို့ကို နမ့်ဖက်ကာရှိ မေတ္တာရှင် လူမှုကူညီရေးအသင်းမှ ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံသို့ ညတွင်းချင်းပို့ဆောင်ခဲ့ရကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ခလရ-၂၆၁၊ ခလရ ၂၄၁နှင့် ပြည်သူစစ် ပူးပေါင်းတပ် က TNLA တပ်ဖွဲ့ရှိရာ တောင်ကုန်းကို ထိုးစစ်ဆင်တိုက်ခိုက် လာကြောင်း၊ TNLA က ပြန်လည်ဝန်းရံပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက် အကြမ်းဖက် စစ်တပ်က မူဆယ်(၁၀၅)မိုင်၊ဆုတောင်းပြည့်ဘုရား၊ခိုဝိန့်၊ကောင်းမူလွယ်ကုန်းနှင့် နမ်ဖက်ကာတပ်စခန်းကုန်းဘက်မှ လက်နက်ကြီးပစ်ကူ အကြိမ် ၅၀ ကျော် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဇူလိုင် ၃၀ ရက်နေ့တွင်လည်း နံနက် ၆ နာရီ ၂၀ မိနစ် မှ ၇ နာရီအထိ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်က နံနက် ၈ နာရီအထိ လက်နက်ကြီးများဖြင့် လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က စစ်ကူ အင်အား ထပ်မံဖြည့်တင်းနေကာ တိုက်ပွဲဆက်လက်ပြင်းထန်နိုင်ကြောင်း TNLA က သတိပေးထားသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ရာ အနီးကျေးရွာများ ဖြစ်သည့် မိုင်ဆက်၊ နမ့်ကတ်၊ မန်ကန်ကျေးရွာရှိ ဒေသပြည်သူများမှာ နမ့်ခမ်း၊ မူဆယ်မြို့တွင်းသို့ ရှောင်တိမ်းနေကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article