အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၃၀
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ဘယ်တော့နိုင်မလဲဆိုတာထက် မနိုင်မချင်း ဒီစစ်မိစ္ဆာတွေကို အမြစ်ပြတ်တဲ့အထိတွန်းလှန်မယ်ဆိုတဲ့သူတွေကို နိုင်ငံကိုယ်စား လေးစားဂုဏ်ယူပါတယ်” စာတန်း ကိုင်ဆောင်ပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။


