ဆားလင်းကြီးရှိ စစ်ဘေးရှောင် ပြည်သူများကို ဆန်၊ ဆီနှင့် ကုန်စိမ်းများ လှူဒါန်း
ရန်ကုန်၊ ဇူလိုင် ၃၀
ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများ အဖွဲ့က ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့တွင် ဆန်၊ ဆီနှင့် ကုန်စိမ်းများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ညောင်ပင်ကြီး ကျေးရွာအုပ်စုမှ စစ်ဘေးရှောင် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရသည်မှာ ၂ လနီးပါးကြာမြင့်နေပြီဖြစ်ကာ စားနပ်ရိက္ခာနှင့် အလှူရှင်များလည်း နည်းပါးလျက်ရှိကြောင်း သိရှိရသည်။


