33 C
Yangon

NUG က တရားမဝင် ကြေညာထားသော နှစ်သောင်းတန်ငွေစက္ကူအသစ် များကို ပုဂ္ဂလိကဘဏ်များနှင့် စီးပွားရေး သမားများထံသို့ မယူမနေရစနစ်ဖြင့် စစ်ကောင်စီက ဖြန့်ချိ

Must read

NUG က တရားမဝင် ကြေညာထားသော နှစ်သောင်းတန်ငွေစက္ကူအသစ် များကို ပုဂ္ဂလိကဘဏ်များနှင့် စီးပွားရေး သမားများထံသို့ မယူမနေရစနစ်ဖြင့် စစ်ကောင်စီက ဖြန့်ချိ

■ ယနေ့ ရွှေစျေး၊ ငွေစျေး အပါအဝင် ကုန်စျေးနှုန်းများအားလုံး အလှုပ်အရမ်းများမည်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၃၁

အကြမ်းဖက်စစ်ကောင်စီက ယနေ့ စတင်ထုတ်ဝေသော ငွေစက္ကူ နှစ် သောင်းတန်များကို ပုဂ္ဂလိက ဘဏ်များနှင့် စီးပွား ရေးသမားများထံသို့ မယူမနေရ စနစ်ဖြင့် စတင်ဖြန့်ချိခြင်းဖြင့် NUG ၏ ငွေစက္ကူ တရားမဝင် ကြေညာ ချက်ကို တန်ပြန်အရေး ယူဆောင်ရွက်နေကြောင်း ရန်ကုန်စီးပွားရေး သမား တချို့ထံမှ သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီက ထုတ်ဝေမည့် နှစ်သောင်းကျပ်တန်ငွေစက္ကူကို တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က ကြေညာလိုက်သည်။

အကြမ်းဖက် စစ်ကောင်စီက ထုတ်ဝေမည့် နှစ်သောင်းကျပ်တန်ငွေစက္ကူကို တရားမဝင်ငွေစက္ကူများအဖြစ် သတ် မှတ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဇူလိုင်လ ၂၇ ရက်နေ့တွင် ကြေညာခဲ့ကြောင်း ၊ အကြမ်း ဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာခြင်း ခံထားရသည့် တရား မဝင် အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံအဖွဲ့အစည်းဖြစ်သော ဗဟို ဘဏ်က နှစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်၊ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း ၊ အဆိုပါလုပ်ရပ် သည် အဖက်ဖက်က အကျပ်အတည်းဆိုက်နေသော တရားမဝင်အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ၎င်းတို့သက်ဆိုးရှည်စေရန်နှင့် ပြည်သူလူထုအပေါ် ရက်စက်စွာ ဆင်နွှဲလျက်ရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုများ စဉ်ဆက်မပြတ် ကျူးလွန်နိုင်ရန် လိုအပ်လျက်ရှိသည့်ဘဏ္ဍာရန်ပုံငွေကို ငွေစက္ကူအမျိုး အစား သစ် စတင်ရိုက်ထုတ်ခြင်းအားဖြင့် အရေးပေါ်ဖြည့် တင်းနိုင်ရေးအတွက် အားထုတ် ဆောင်ရွက်မှုဖြစ်ကြောင်း NUG ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

NUG က စစ်တပ် ထုတ်ဝေမည့် နှစ်သောင်းတန်ငွေစက္ကူအသစ်ကို တရားမဝင်ကြောင်း ကြေညာမှုအတွက် တန်ပြန်သည့်အနေဖြင့် ပုဂ္ဂလိကဘဏ်များ၊ စီးပွားရေးသမားများကို နှစ်သောင်းတန်ငွေစက္ကူများ မယူမနေရ လာရောက် လဲလှယ် လက်ခံ ယူကြရန် စစ်ကောင်စီဘက်က လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ ဘဏ်မှာ နှစ်သောင်းတန် လာယူရမယ် ပြောတယ်။ ပမာဏ ဘယ် လောက်လဲပေးမလဲမသိဘူး။ နှစ်သောင်းတန်ကို လက်ခံသုံးစွဲတာမျိုး လုပ်ရမယ် ဆိုပြီး ပြောလာတယ်။ NUG ကြေညာချက်ကို တန်ပြန်လုပ်တာ” ဟု ဘုရင့်နောင် ကုန်စည်ဒိုင်မှ စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီကမူ နှစ်သောင်းတန်ကို အကန့်အသတ်ဖြင့်သာ ထုတ်ဝေမည်ဖြစ်ပြီး ငွေကြေးဖောင်းပွရန် မရှိကြောင်း ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ စီးပွားရေးသမားများနှင့်ဘဏ်များကို နှစ်သောင်းတန်များ မယူမနေရ လာရောက် ထုတ်ယူရန် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ယနေ့ နှစ်သောင်းတန်ငွေစက္ကူအသစ် ထွက်ရှိလာသည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာနှင့်မြန်မာကျပ်ငွေ လဲလှယ်နှုန်း၊ ရွှေစျေးနှုန်း အပါအဝင် ကုန်စျေးနှုန်းအားလုံး အလှုပ်အရမ်းများနိုင်ကြောင်း ရန်ကုန်စီးပွားရေးစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“နှစ်သောင်းတန် ထွက်မယ်လို့ ကြေညာတဲ့ ဇူလိုင်လ ၂၃ ရက်နေ့ကတည်းက ရွှေစျေးကွက် ဒေါ်လာစျေးကွက်မှာ အရောင်းပိတ်ထားတယ်။ အခြားစျေးကွက်တွေလည်း သူ့နည်းသူ့ဟန်နဲ့ အရောင်းပိတ်ကြတယ်။ ဒီနေ့တော့ နှစ်သောင်းတန် တကယ်ထွက်လာမှာဖြစ်လို့ အရမ်း အလှုပ်အခတ်များနိုင်မယ်။ လူတွေလက်ထဲမှာ နှစ်သောင်းတန်ရောက်လာတာနဲ့အမျှ စျေးကွက်တော့ အလှုပ်အရမ်းများမှာပဲ” ဟု UMFCCI အဖွဲ့ဝင် စီးပွားရေးသမားတစ်ဦးက ဆိုသည်။

စျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၄၀၀ နှင့် ၃၆၀၀ ကျပ်အကြား၊ ရွှေစျေးနှုန်းမှာ အခေါက် ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၃၅ သိန်းမှ ၃၆ သိန်းအကြား စျေးနှုန်း အတက်အကျ ဖြစ်ပေါ်လျက်ရှိပြီး ထိုင်းဘတ်ငွေ၊ တရုတ်ယွမ်ငွေတို့နှင့် လဲလှယ်ရာတွင်လည်း မြန်မာကျပ်ငွေမှာ တန်ဖိုး ထိုးကျနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article