ဒီပဲယင်းရှိ စစ်ဘေးရှောင် ပြည်သူများကို ဆန်၊ ဆီနှင့် နေအိမ်များ ဆောက်လုပ် လှူဒါန်း
ရန်ကုန်၊ ဇူလိုင် ၃၁
ဒီပဲယင်းမြို့နယ်တွင် ရေရှည် စစ်ဘေးတိမ်းရှောင် နေရသည့် အိမ်ထောင်စု ၆၀၀ ကျော်ကို ၁ အိမ်ထောင်စုလျှင် ဆန် ၆ ပြည် ဆီ ၅၀ ကျပ်သားကို ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ရက်ရှည် နေရပ်စွန့်ခွာလာရသည့် စစ်ရှောင်များထဲမှ အိမ်ထောင်စု ၃ စုအတွက် စေတနာရှင်များ၏ ထောက်ပံ့လှူဒါန်းငွေဖြင့် အိမ်တစ်လုံး ၂၅၀၀၀၀ ကျပ်အကုန်အကျခံ၍ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှ နေအိမ် ၃ လုံးကို ဆောက်လုပ်လှူဒါန်း ပေးခဲ့ပြီး ဆက်လက် ကူညီနိုင်ရေးအတွက်လည်း ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။