26 C
Yangon

စဉ့်ကိုင်မြို့နယ်၊ ပုလိပ်ရဲစခန်းဝင်းရှေ့တွင် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်

Must read

စဉ့်ကိုင်မြို့နယ်၊ ပုလိပ်ရဲစခန်းဝင်းရှေ့တွင် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၃၁

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပုလိပ်မြို့ရဲစခန်းဝင်းရှေ့၌ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (People’s Army to Fight Dictatorship-PAFD) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင် ၃၀ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က အဆိုပါရဲစခန်းဝင်းရှေ့၌ မိုင်းထောင်နေစဉ် စခန်း အတွင်းရှိ ရဲများမှ တွေ့ရှိသွားကာ လိုက်လံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့သို့ လိုက်လံပစ်ခတ်တိုက် ခိုက်သည့်ကြားမှ မိုင်းကို မရမက ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါဖောက်ခွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြမ်းဖက်စစ်တပ် လက် အောက် ခံ ရဲများ ထိခိုက်သေဆုံးမှုရှိ၊ မရှိ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး ရဲစခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်ကို တွေ့ရှိရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article