27 C
Yangon

ဘားအံမြို့အဝင်အနီးရှိ စစ်တပ် တပ်စွဲထားသော သံလွင်တံတား စစ်ဆေးရေးဂိတ်ကို ကားမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူများပြားဟု ပြောဆို

Must read

ဘားအံမြို့အဝင်အနီးရှိ စစ်တပ် တပ်စွဲထားသော သံလွင်တံတား စစ်ဆေးရေးဂိတ်ကို ကားမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူများပြားဟု ပြောဆို

ရန်ကုန်၊ ဇူလိုင် ၃၁

ကရင်ပြည်နယ်၊ ဘားအံမြို့အဝင်အနီးရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော သံလွင်တံတား စစ်ဆေးရေးဂိတ်ကို ကားမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူများပြားကြောင်း HPA AN GUERILLA FORCE – HGF မြို့ပြ စစ်ဆင်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၆ နာရီ၊ ၅၀ မိနစ်ခန့်တွင် ဘားအံမြို့အဝင်အနီးရှိ အကြမ်းဖက် စစ်တပ် အခိုင်အမာတပ်စွဲထားသော သံလွင်တံတား စစ်ဆေးရေးဂိတ်ကို HPA AN GUERILLA FORCE – HGF မြို့ပြ စစ်ဆင်ရေးအဖွဲ့က ကားမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ဆေးရေးဂိတ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြား ထိခိုက် သေဆုံးပြီး သေဆုံးမှု စာရင်း အတိကျကို စုံစမ်းလျက်ရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် တပ်စွဲထားသော သံလွင်တံတားစစ်ဆေးရေးဂိတ်သည် ခရီးသွား ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ငွေတောင်းခံခြင်း၊ ခရီးသွားကားများအား ခြိမ်းခြောက်၍ ခရီးသွားကြန့်ကြာအောင်ပြုလုပ်ခြင်း စသည့် နာမည်ဆိုးနှင့် ကျော်ကြားနေသည့် စစ်ဆေးရေး ဂိတ်ဖြစ်ကြောင်း၊ ယင်းစစ်ဆေးရေးဂိတ်၌ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ တပ်ရင်းများ၊ ရဲတပ်ဖွဲ့များ နှင့် Non CDM လဝကများဖြင့် အခိုင်အမာ တပ်စွဲထားသည့် နေရာဖြစ်ကြောင်း သိရှိရသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က မြို့ဝင် မြို့ထွက် လမ်းများ အားလုံးကို ပိတ်ဆို့၍ စစ်ဆေးနေသော်လည်း HPA AN GUERILLA FORCE – HGF မှရဲဘော်များသည် လွတ်မြောက်နယ်မြေကို အထိခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း HPA AN GUERILLA FORCE – HGF မြို့ပြ စစ်ဆင်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article