24 C
Yangon

သပိတ်ကျင်း ဆိပ်ကမ်း၌ ဆိုက်ကပ်သော စစ်သင်္ဘောအုပ်စုကို ဝင်ရောက် တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံး

Must read

သပိတ်ကျင်း ဆိပ်ကမ်း၌ ဆိုက်ကပ်သော စစ်သင်္ဘောအုပ်စုကို ဝင်ရောက် တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၃၁

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ သပိတ်ကျင်းဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောအုပ်စုကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း သပိတ်ကျင်းတိုက်နယ် ပကဖ ခေါင်းဆောင် ဗိုလ်လင်းယုန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဇူလိုင်လ ၂၈ ရက်နေ့တွင် PDF ပူးပေါင်း တပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော သင်္ဘောများကို သပိတ်ကျင်း ဆိပ်ကမ်း၌ ဆိုက်ကပ်ကာ ပြုပြင်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦး သေနတ်ကျည် ထိမှန်ကာ ဝမ်းဗိုက် ပေါက်၍ သေဆုံးကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သော စစ်သား ၃ ဦးမှာလည်း ကျောက်ကြီးဆေးရုံအရောက် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သပိတ်ကျင်းတိုက်နယ် ပ.က.ဖ(ဗိုလ်လင်းယုန်တပ်ဖွဲ့)၊ Nine PDF တပ်ဖွဲ့၊ ဗိုလ်မိုး ကြိုးတပ်ဖွဲ့၊ ခင်ဦးတပ်ရင်း ၃ ၊ KB ၄ တပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်သင်္ဘောများသည် မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ လက်နက်ခဲယမ်းရိက္ခာများနှင့် အတူ စစ်သားအများအပြား တင်ဆောင်လာကာ မြစ်ကြောင်းလမ်းဘေးဝဲယာတစ်လျှေက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ တက်လာခြင်းဖြစ်ပြီး ဇူလိုင်လ ၂၇ ရက်နေ့က ရွှေဘိုမြို့ နယ်၊ ကျောက်မြောင်းအထက်ပိုင်းမှ သပိတ်ကျင်းဆိပ်ကမ်းအထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပူး ပေါင်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြားသေဆုံးဒဏ်ရာရရှိပြီး စစ်သင်္ဘော ၂ စီး ထိခိုက် ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article