ရွှေဘိုမြို့နယ်တွင် လစာထုတ်ရန် ရွာမှ ထွက်လာသည့် ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်မှု ၉ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၃၁
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် လစာထုတ်ရန် ရွာမှထွက်လာသည့် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ရာ ၉ ဦး သေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် အင်အား ၇၀ ဦးခန့်ရှိ ညောင်ကိုင်း၊ တည်သီးတော၊ ဆင်အင်း၊ ကူးတိုးဆိပ်၊ မြင်းစီး စသည့် ပျူစောထီး ကျေးရွာများမှ လစာထုတ်ရန် ထွက်လာသည့် ပျူစောထီးများကို မြို့လှ-ဂျိုးမြေဇင်း လမ်းပိုင်း တစ်နေရာတွင် ပဒေသာ ဆွဲမိုင်းဖြင့် ၁ ကြိမ်၊ တိုက်မိုင်းဖြင့် ၃ ကြိမ်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“ညောင်ကိုင်း၊ တည်သီးတော၊ ဆင်အင်း၊ ကူးတိုးဆိပ်၊မြင်းစီး အဲရွာတွေက ပျူတွေက ပျူလစာထုတ်ဖို့ ဇီးဖြူကုန်း၊ သလုံး၊ ပန်းရံ၊ လိပ်ချင်း ရွာက ပျူတွေကို လာခေါ် မြို့လှနဲ့ ဂျိုးမြေဇင်း လမ်းပိုင်း တစ်နေရာအရောက်မှာ ပဒေသာ ဆွဲမိုင်း ၁ ကြိမ်၊ တိုက်မိုင်း ၃ ကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်။ ပျူခွေ ၈ ဦး ပွဲချင်းပြီးသေတယ်။ မြင်းစီးရွာက ပျူခွေး ၄ကောင် အပြင်းထန် ဒဏ်ရာရရှိသွားတယ်။ ၃ ကောင်ကို ဇီးကုန်းကျေးရွာမှာ ဆေးကုသနေတယ်။ ငဇော်ဆိုတဲ့ ပျူခွေးကို မန္တလေးကို ဆေးကုသဖို့ အပို့ ဆေးရုံမှာ သေသွားတယ်” ဟု ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF ၊ GOLDEN EAGLE-ZBG LPDF၊ ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF၊ တောင်သူကြီးများအဖွဲ့-LDF၊ Bo Ba Taw – SHWEBO LPDF၊ မင်းဂေါင်အဖွဲ့၊ ကြီးလေးကြီး အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။