33 C
Yangon

ကလေးမြို့ရှိ ဆည်မြောင်းရုံးအနီးတွင် စစ်တပ် ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး ခြေထောက်ပြတ်

Must read

ကလေးမြို့ရှိ ဆည်မြောင်းရုံးအနီးတွင် စစ်တပ် ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး ခြေထောက်ပြတ်

ရန်ကုန်၊ ဇူလိုင် ၃၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ဆည်မြောင်းရုံးအနီးတွင် စစ်တပ် ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး ခြေထောက်ပြတ်ကာ ဆေးကုသမှု ခံယူနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

ဇူလိုင် ၂၉ ရက်နေ့တွင် ကလေးမြို့၊ ဆည်မြောင်းရုံးအနီးရှိ ကျန်စစ်သားလမ်းဘေးတွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိ၍ ဘူးခွံသွားကောက်သည့် ပြည်သူ ၁ ဦး ‌ဘယ်ခြေထောက်ဖြတ်တောက်လိုက်ရကြောင်း၊ အဆိုပါ ဆည်မြောင်းရုံး ပတ်ပတ်လည်တွင် အကြမ်းဖက် စစ်တပ်က PDF တပ်ဖွဲ့များ လာရောက် ပစ်ခတ် တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် ခြေနင်းမိုင်းများ ထောင်ထားခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“စစ်ခွေးတွေက ဆည်မြောင်းနီးနားက လူတွေကို ပြောထားပြီးသား အနီးတစ်ဝိုက်မသွားနဲ့ အကုန်မိုင်းထောင်ထားတာလို့ အသက် ၃၁ ၊ ဘယ်ခြေပြတ် နာမည် မသိရဘူး။ အခု စစ်ဆေးရုံမှာ ကုသမှု ခံယူနေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article