30 C
Yangon

ရေစကြိုမြို့နယ်၊ မင်းရွာအနီးရှိ စစ်တပ်၏ ကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး

Must read

ရေစကြိုမြို့နယ်၊ မင်းရွာအနီးရှိ စစ်တပ်၏ ကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မင်းရွာ အနီးရှိ အကြမ်းဖက် စစ်တပ်၏ ကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၆ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၅ (MG 6 ပြောက်ကျားတပ်ဖွဲ့)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ဇူလိုင် ၃၁ ရက် နေ့က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မင်းရွာကျေးရွာအနီး ကင်း စခန်းကို ပြောက်ကျားနည်းဖြင့် လက်ဦးမှုရယူတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၆ ဦး သေဆုံးကာ စခန်းကို စွန့်ခွာထွက်ပြေးသွားကြောင်း၊ စခန်းသိမ်းနိုင်ရန်ကြိုးစားခဲ့သော်လည်း မင်းရွာ အတွင်းတပ်စွဲထားသော အကြမ်းဖက်စစ်သားများမှ လက်နက်ကြီးအမြောက်အများပစ်ကူပေးကာ စစ်ကူထွက်လာခဲ့သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“ရွာအပြင်ဘက်မှာရှိတဲ့ ကင်းစခန်းကို ဝင်တိုက်တာ၊ ရွာထဲကနေ လက်နက်ကြီး ပစ်ကူပေးပြီး စစ်ကူက နာရီဝက်အတွင်းရောက်လာတဲ့တော့ ပြန်ဆုတ်ခဲ့ရတာ၊ ပြီးတော့ ကျည်ကွယ်၊မျက်ကွက်မရှိတာရယ်၊ တိုက်ပွဲက နည်းနည်းကြာလာတော့ ကျည်မလုံလောက်တာရယ်ကြောင့် အပြီးသတ်စခန်းမသိမ်းနိုင်ခဲ့ တာပါဗျ၊ စခ၊ ပခစုစုပေါင်း ၆ ဦးသေပါတယ်” ဟု မြင်းခြံခရိုင်တပ်ရင်း ၅ (MG 6 ပြောက်ကျားတပ်ဖွဲ့)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၅ (MG-6 ပြောက်ကျားတပ်ဖွဲ့) မှ ဝင်ရောက်တိုက် ခိုက်ခဲ့ ခြင်းဖြစ်ပြီး ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ကာ အကြမ်းဖက်စစ်တပ်မှ ပစ်ခတ်သောလက်နက်ကြီး ကျည်ထိမှန် မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဝမ်းဗိုက်တွင် လက်နက်ကြီးစ ထိမှန်(မစိုးရိမ်ရ) ရရှိခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article