30 C
Yangon

မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသတွင် စစ်ကောင်စီထုတ်ဝေသည့် ၂ သောင်းတန်ငွေစက္ကူ သုံးစွဲသူကို အရေးယူမည်ဟု တောင်တွင်း PDF ထုတ်ပြန်

Must read

မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသတွင် စစ်ကောင်စီထုတ်ဝေသည့် ၂ သောင်းတန်ငွေစက္ကူ သုံးစွဲသူကို အရေးယူမည်ဟု တောင်တွင်း PDF ထုတ်ပြန်

ရန်ကုန်၊ ဩဂုတ် ၁

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသအတွင်း တရားမဝင်အကြမ်းဖက်စစ်ကောင်စီက ထုတ်ထားသည့် ၂ သောင်းတန်ငွေစက္ကူများကို သုံးစွဲပါက အရေးယူသွားမည်ဖြစ်ကြောင်း People Defence Force Taung Dwin Region-Minkin(MKPDF-5(TDPDF)က ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီထုတ် ၂ သောင်းတန်ငွေစက္ကူအတုများကို တရားမဝင်ငွေအဖြစ် သတ်မှတ် ကြောင်း၊ ထို့ကြောင့် မိဘပြည်သူများအနေဖြင့်လဲ ၂ သောင်းတန်ငွေစက္ကူများ ရရှိခဲ့ပါက တစ်သောင်း တန် ၊ ငါးထောင်တန် ငွေစက္ကူစသည့်တို့ဖြင့် အစားထိုးသုံးစွဲခြင်းအားဖြင့် ၂ သောင်းတန် ငွေစက္ကူကို ရှောင်ရှားကြရန်နှင့် ၂ သောင်းတန်ငွေစက္ကူ သုံးစွဲခြင်းတွေ့ရှိပါက ၃ ကြိမ်တိတိ သတိပေးကာ တရား မဝင်ငွေကြေးအဖြစ် ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

“တွေ့ရှိခဲ့ရင်တော့ သိမ်းဆည်းသွားပါ့မယ်ဗျ၊ မသုံးစွဲအောင်လဲ ကြိုတင်ကာကွယ်ပါ့မယ်၊ နှစ်သောင်း တန်ရခဲ့ရင်တောင် နှစ်သောင်းတန်ကြီးတော့ မရချင်ဘူး၊ တစ်သောင်းတန်၊ ငါးထောင်တန်ဖြစ်ဖြစ် လဲ ပေးပါဆိုတဲ့ စကားမျိုးတွေပြောကြအောင် ငွေကြေးဖောင်းပွမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲ တွေ လုပ်သွားပါ့မယ်ဗျ။” ဟု People Defence Force Taung Dwin Region-Minkin(MKPDF-5(TDPDF)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီက ထုတ်ဝေသော ၂ သောင်းတန်ငွေစက္ကူကို အမျိုးသားညီညွတ်ရေးအစိုးရက လည်း တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာထားသည်။

၂ သောင်းတန်ငွေစက္ကူ
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article