ပုလဲမြို့နယ်၊ ကန်ဒေါင့်ရွာမှ ထွက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၁
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ကျေးရွာမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ ဩဂုတ်လ ၁ ရက် နံနက် ၉ နာရီခန့်က အင်အား ၈၀ ခန့်ဖြင့် ကန့်ဒေါင့်ရဲစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ရွာသစ်ကျေးရွာအရှေ့ဘက် ရွာသစ်တိုဘုရားအနီးအရောက် ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ကျော်ထိတွေ့တိုက်ပွဲကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးကာ စစ်သားအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသွားသော အကြမ်းဖက်စစ်သားအလောင်းများကို ကာကင်းယူကာ လှည့်ဖြင့်တိုက်သယ်သွားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော် ၁၁ ဦးဖြင့် ပြောက်ကျားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အညာဒေသတွင် တော်လှန်ရေးအရှိန်အဟုန်များ ဆက်လက်မြှင့်တင် တိုက်ခိုက်သွားမည်ဖြစ်ပြီး မိဘ ပြည်သူများအနေဖြင့် ယုံကြည်စွာဖြင့် ထောက်ပံ့ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။