30 C
Yangon

ပခုက္ကူမြို့နယ်တွင် ဘီယာဆိုင်ထိုင်နေသည့် စစ်သား ၂ ဦးအား ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရမိ

Must read

ပခုက္ကူမြို့နယ်တွင် ဘီယာဆိုင်ထိုင်နေသည့် စစ်သား ၂ ဦးအား ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရမိ

ရန်ကုန်၊ သြဂုတ် ၂

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ဘီယာဆိုင်ထိုင်နေသည့် စစ်သား ၂ ဦးအား ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂ မိနစ်ခန့်တွင် ပခုက္ကူမြို့နယ်၊ မြစ်ခြေ-ကမ္မ လမ်းပိုင်းရှိ ဆုံစည်းရာ ဘီယာဆိုင်၌ ဘီယာထိုင်သောက်နေသည့် စစ်သား ၂ ဦးကို ပခုက္ကူခရိုင် တပ်ရင်း ၈ က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦးသည် ဆိုင်ကယ်စီး၍ ထွက်ပြေးသောကြောင့် နောက်မှ လိုက်လံပစ်ခတ်ရာ မြစ်ခြေ-ကမ္မ လမ်းဘေးရှိ ရေမြောင်းထဲ၌ ကျည်ထိမှန်ဒဏ်ရာနှင့် လဲကျနေသော စစ်သားက ၁ ဦးက လက်နက်ချ အညံ့မခံဘဲ ပြန်လည်ပစ်ခတ်သောကြောင့် အသေပစ်ခတ်ခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်စဥ်အတွင်း စစ်သား ၂ ဦး သေဆုံးကာ MA-1 သေနတ် ၂ လက်နှင့် 5.56 ကျည် ၁၇ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article