28 C
Yangon

လောင်းလုံးတွင် ၆ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သား ၃ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး

Must read

လောင်းလုံးတွင် ၆ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သား ၃ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း၌ ၆ ရက်ကြာတိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေ ဆုံးကာ စစ်တပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေ ဆုံးကာ ကလေးတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရ သည်။

ဇူလိုင်လ ၁၂ ရက်နံနက် ၈ နာရီခန့်က လောင်းလုံးမြို့နယ်၊ ရပ်ခံတောင်ဘုရားပေါ်၌ တပ်စွဲရန် ရောက်ရှိ လာသော အကြမ်းဖက်စစ်သားများကို ဗထူးစစ်ကြောင်းမှ အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် နေ့လည် ၁၁ နာရီခန့်တွင် ယင်းအကြမ်းဖက်စစ်သားများကို ဗထူးစစ်ကြောင်းမှ ၈၁ မမ လက် နက်ကြီး ၈ လုံး၊ ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး လောင်းလုံးမြို့နယ်၊ ခမောင်းထောင်ကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင်နေအိမ်တစ်လုံးပေါင်သို့ လက်နက်ကြီး ၃ လုံးကျရောက် ပေါက်ကွဲပြီး နေအိမ်တစ်ခုလုံးပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းနေ့ညနေပိုင်းတွင် အကြမ်းဖက်စစ်တပ်မှ အင်အားအလုံးအရင်းဖြင့် ခမောင်းထောင်ကျေးရွာ အတွင်းသို့ ဝင်ရောက်ပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူ့နေအိမ်များအတွင်းရှိ ပစ္စည်းများကို ခိုးယူခြင်း၊ ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ထို့သို့ အကြမ်းဖက်စစ်သားများမှ ပြည်သူ့နေအိမ်များ ဝင်ရောက်ဖျက်ဆီးနေချိန်တွင် ဗထူးစစ်ကြောင်းမှ ရဲဘော်များက ရေဖြူမြို့နယ်၊ နဘုလယ်ရေနက်ဆိပ်ကမ်း စခန်းသို့ ၈၁ မမ လက်နက်ကြီး ၇ လုံး၊ ဒရုန်း ဖြင့် ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၃ ရက် နံနက် ၉ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ ရပ်ခံတောင်ဘုရားပေါ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဗထူးစစ်ကြောင်းမှ ၈၁ မမ လက်နက်ကြီး ၁၇ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများအထိနာပြီး ဇဟာကျေးရွာရှိ အမြောက်တပ်မှ ခမောင်းထောင်ကျေးရွာ အတွင်း သို့ ၁၂၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကျေးရွာအပြင်ဘက်ရှိ လယ်ကွင်းများအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၁၄ ရက် ညနေ ၄ နာရီခွဲခန့်တွင် လောင်းလုံးမြို့နယ်၊ ရပ်ခံတောင်ဘုရားပေါ်၌ တပ်စွဲထား သော အကြမ်းဖက်စစ်သားများကို ဗထူးစစ်ကြောင်းမှ ၈၁ မမ လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ လခရ ၁၀၄ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ကူဖြင့် ပြန်လည်ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့လည် ၁ နာရီခန့်တွင်လည်း ရေဖြူမြို့နယ်၊ ရပ်တော်မူဘုရားကုန်း လမ်းဆုံ၊ နတလ ရုံးများတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဗထူးစစ်ကြောင်းမှ ၈၁ မမ လက်နက်ကြီး ၁၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးပစ်ကူ၊ ၇၉ မမ လက်နက်ကြီးတို့ ဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ လောင်းလုံးမြို့နယ်၊ ရပ်ခံတောင်ဘုရားပေါ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ၈၁ မမ လက်နက်ကြီး ၁၀ လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ဇူလိုင်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် လောင်းလုံးမြို့နယ်၊ ရပ်ခပ်တောင် တပ်စခန်းသို့ ၈၁ မမ လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ်တို်ကခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဗထူးစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုများကို ဗထူးစစ်ကြောင်းအဖြစ် ပူးပေါင်းထားသော လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့- LLPDF ၊ Dawei Guerilla Revolutionary Force- DGRF တပ်ဖွဲ့ ၄ ၊ Ye Phyu People Defence Force – YPPDF နှင့် ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ၈၁ မမ လက်နက်ကြီး ၇၅ လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article