30 C
Yangon

မူဆယ်မြို့နယ် တုံခန်၊ ဟိုနောင်နှင့် ၁၀၅ မိုင် ရွာတို့တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ ၊ ကုန်ကားနှင့်ခရီးသွားကားများ ပိတ်မိနေ

Must read

မူဆယ်မြို့နယ် တုံခန်၊ ဟိုနောင်နှင့် ၁၀၅ မိုင် ရွာတို့တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ ၊ ကုန်ကားနှင့်ခရီးသွားကားများ ပိတ်မိနေ

ရန်ကုန်၊ ဩဂုတ် ၂

ရှမ်းပြည်နယ်(မြောင်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် တုံခန်ရွာ၊ ဟိုနောင် ရွာနှင့် ၁၀၅ မိုင် ရွာတို့တွင် ယနေ့ ဩဂုတ်လ ၂ ရက်နေ့တွင် တိုက်ပွဲ ဖြစ်ပွားပြီး အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“သူတို့ စစ်တပ်က ပစ်လို့ ကျွန်မတို့ ပြည်သူတွေ အများကြီး ထိခိုက်နစ်နာရတာပေါ့နော့။ ကောင်မလေး ၃ ယောက်နဲ့ ကောင်လေး ၂ ယောက် လက်နက်ကြီးယမ်းစ ထိမှန်ပြီး ထိခိုက်မိကြတာပေါ့။ အမျိုးသမီးတစ်ဦးက လက်မောင်းခိုက်မိတယ်။ အမျိုးသမီး နောက်ထပ် တစ်ဦးက နောက်ကျောနားမှာ ခိုက်မိသွားတယ်။ အမျိုးသား ကောင်လေးတစ်ယောက်ကတော့ လက်တစ်ခြမ်းလုံးမှာ အစတွေ ထိမှန်ပြီး အခု ဆေးရုံမှာ“ ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။

လက်ရှိအချိန်အထိ အကြမ်းဖက်စစ်တပ်နှင့် ပလောင်စစ်တပ်တို့ ကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်ပြီး ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း၊ တိုက်ပွဲအခြေအနေကြောင့် ဟိုနောင်ရွာတွင်းရှိ ပြည်သူများ ရှောင်တိမ်းနေရပြီး တိုက်ပွဲကြားပိတ်မိနေသည့် ပြည်သူများ ရှိကြောင်းလည်း သိရှိရသည်။

“စစ်သားတွေက ကားနဲ့ လာချလိုက် ၊ စစ်သားတွေက ချုံပုတ်တွေထဲ ဝင်ပုန်းလိုက် RPG နဲ့ ထုလိုက်ပေါ့ အဲဒီလိုမျိုး ခဏပစ်လိုက် ခဏနားလိုက် ။ အဲဒီလိုမျိုးဖြစ်နေတာပေါ့ တစ်နေကုန်။ တောင်ပေါ်မှာ ပလောင်စစ်သားတွေ ရှိတယ်ဆိုတော့ ဒီတောင်ပေါ်ကို မဲပြီး တောင်ပတ်ပတ်လည်ကနေ လိုက်ပစ်တာပေါ့။ ပြည်သူတွေကတော့ ထိတ်လန့်နေတာပေါ့။ အိမ်နဲ့ဆို နီးနီးလေး ဗျူဟာကုန်းကလည်း မြင်နေရတယ်။ သူတို့လာပစ်တဲ့ နေရာတွေကလည်း နီးနီးလေးဆိုတော့ ဟိုဘက်သွားရင်လည်း ၅ မိနစ် ၊ ဒီဘက်သွားရင်တော့ ၅ မိနစ်ဆိုတော့ တစ်ရွာလုံးကတော့ ကြောက်လန့် နေရတာပေါ့” ဟု တိုက်ပွဲကြား ကျရောက်နေသည့် ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

ယနေ့ နံနက်ပိုင်းမှ ညပိုင်းအထိ မူဆယ် ၁၀၅ မိုင်အနီးတွင် တိုက်ပွဲများ တစ်နေကုန် ဖြစ်ပွားနေသဖြင့် ကုန်ကားများနှင့် အိမ်စီးကားများ ရှေ့ဆက်မသွားနိုင်ဘဲ ကားများ ပိတ်မိနေကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article