30 C
Yangon

KNU တပ်မဟာ ၃ နယ်မြေတွင် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် ၁၀ တန်းကျောင်း သား တစ်ဦး အပါအဝင် ၂ ဦးသေဆုံးပြီး အသက် ၆ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ၃ ဦးဒဏ်ရာရ

Must read

KNU တပ်မဟာ ၃ နယ်မြေတွင် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် ၁၀ တန်းကျောင်း သား တစ်ဦး အပါအဝင် ၂ ဦးသေဆုံးပြီး အသက် ၆ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၄

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် ကော်သူး လေအုပ်ချုပ်နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာ ကျေး ရွာများ အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၁၀ တန်းကျောင်းသားတစ်ဦးအပါအဝင်၂ ဦး သေဆုံး ကာ အသက် ၆ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

ဩဂုတ်လ ၂ ရက်နေ့ ညနေ ၃ နာရီ ၃၅ မိနစ်ခန့်က မူးမြို့နယ်၊ တုံးတောရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၅၉၉ တပ်မှ ကျေးရွာအတွင်းသို့ ၈၁−မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ လက်နက်ကြီး ၁ လုံး မှာ မွေတွင်းကျေးရွာအတွင်းရှိ နေအိမ် ၁ လုံးအပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် အတွင်းရှိ အ သက် ၇၁ နှစ်အရွယ် ဦးတင်ဦး၊ အသက် ၃၉ နှစ်အရွယ် မဇင်မာဝင်း၊ အသက် ၆ နှစ်အရွယ် ချစ်ဖုန်း သွယ်တို့ထိခိုက်ဒဏ်ရာရရှိကာ အသက် ၃၇ နှစ်အရွယ် မသီတာအေးမှာ နေရာမှပင်သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ ဩဂုတ်လ ၃ ရက် နံနက် ၈ နာရီခွဲခန့်က ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ ၃ ၊ လယ်ဒိုမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ−၂၇၄ တပ်သားများမှ ကျောက်တံခါးမြို့မှ နေ၍ သမင်အင်းကုန်း ကျေးရွာ အ တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ၁၀ တန်းကျောင်းသား အသက် ၁၆ နှစ်အရွယ် ပိုင်စိုးသူ မှာ ဦး ခေါင်းကို လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ−အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ ပစ်ခတ်လိုက်သော လက်နက်ကြီးထိမှန်ပြီး သေ ဆုံးခဲ့ရသောပြည်သူ ၂ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦး။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ ပစ်ခတ်လိုက်သော လက်နက်ကြီးထိမှန်ပြီး သေ ဆုံးခဲ့ရသောပြည်သူ ၂ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦး။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article