27 C
Yangon

မင်းလှတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ လင်မယားနှစ်ဦးကို ပစ်ခတ် ခံရပြီး သေဆုံး၊ သေဆုံးသူ အမျိုးသမီးကို စစ်တပ်က ခေါင်းဖြတ်ပြီး PDF အချင်း ချင်းလုပ်သည်ဟု လိမ်လည်ဝါဒဖြန့်

Must read

မင်းလှတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ လင်မယားနှစ်ဦးကို ပစ်ခတ် ခံရပြီး သေဆုံး၊ သေဆုံးသူ အမျိုးသမီးကို စစ်တပ်က ခေါင်းဖြတ်ပြီး PDF အချင်း ချင်းလုပ်သည်ဟု လိမ်လည်ဝါဒဖြန့်

ရန်ကုန်၊ ဩဂုတ် ၄

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ကျွဲမကိုင်းကျေးရွာနေ စစ်တပ်အတွက် အလုပ်လုပ် ပေးနေသူ လင်မယားနှစ်ဦးကို ပစ်ခတ် ရာမှ သေဆုံးခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ခံက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၃၁ ရက် ည ၈ နာရီခန့်အချိန် ပဲခူးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့စခန်းများကို စုံစမ်း ကာ အကြမ်းဖက်စစ်တပ်ထံသတင်းပေးသူ လင်မ ယား ကို ပစ်ခတ်ရာမှ သေဆုံးခြင်းဖြစ်ကြောင်း၊ ထိုလင်မယားကို ထိုသို့ မလုပ် ရန် အကြိမ်ကြိမ်သတိပေးတားမြစ်ခဲ့ကြောင်း၊ သို့ရာတွင် လိုက်နာမှုမရှိဘဲ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဖွတ်ထားသော လက်နက်ခဲယမ်းများကို စစ်တပ် ထံအပ်ကာ ဆုကြေးယူခဲ့သည့် ကျွဲမကိုင်းကျေးရွာနေ စောအယ်လာ ထူး နှင့် ဇနီးဖြစ်သူတို့ကို နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း သိရသည်။

“သူတို့လင်မယားကို သေနတ်နဲ့ ပစ်ပြီးရှင်းလိုက်တာ။ အဲဒါကို စစ်တပ်က အမျိုးသမီးကို ခေါင်းဖြတ်ထားပြီး PDF အချင်းချင်း သတ်တာလို့ လိမ်တင် လာတယ်။ သူတို့က PDF ကို ပုံရိပ်ကျအောင် လိမ်တင်ပေမယ့် ခုတော့ စကစ ခန့် အုပ်ကြီးတွေက ကြောက်လန့်ပြီး ထွက်စာတင်နေကြပြီ။ ကျနော်တို့တွေ အနေ နဲ့က သာမန်ပြည်သူတွေကို သတ်ဖို့အဝေးကြီး စကစအတွက် အလုပ် လုပ်ပေးတာ သေချာမှ ရှင်းလင်းတာပါ” ဟု မင်းလှမြို့နယ် ပြည် သူ့ကာကွယ် ရေးအဖွဲ့ – ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ ပစ်ခတ်ရှင်းလင်းခဲ့သော်လည်း PDF အဖွဲ့ဝင်အချင်းချင်း ရက်ရက် စက်စက် ဓားဖြင့် ခုတ်သတ်၍ အမျိုးသမီး၏ ဦးခေါင်းကို ဖြတ်ကာ ခြံစည်းရိုး တိုင်ထိပ်၌ ချိတ်ဆွဲထားခဲ့သည်ဟုဆိုကာ အကြမ်းဖက် စစ်ကောင်စီ လက်ကိုင် တုတ် ဝါဒဖြန့်သမားက Telegram များမှ တဆင့် ဝါဒဖြန့်နေခဲ့ကြောင်း သိရ သည်။

စစ်တပ်အတွက် အလုပ်လုပ်နေသေူ လင်မယားနှစ်ဦး၏ သတင်းပေးမှုကြောင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-စခန်းတစ်ခု ဝင် ရောက်စီးနင်း ခံခဲ့ရကြောင်း၊ ထိုသို့ စီးနင်းခံရစဉ်က လက်နက်ခဲယမ်းများကို မြေကြီးထဲမြှုပ်နှံ ထားခဲ့ကြောင်း၊ ယင်းလက်နက်ခဲယမ်းများကို သေဆုံးသူလင်မယားနှစ်ဦးက ဖော်ယူကာ အကြမ်းဖက်စစ်တပ်ထံ အပ်နှံ ပြီး ဆုငွေ ၂၅ သိန်းထုတ်ယူ ထားသည့်အပြင် ယခုစခန်းသစ်နေရာကိုလည်း အကြမ်းဖက်စစ်တပ်ထံ သတင်းပေးကာ လိုက်လံပြသရန် ပြင်ဆင်နေသဖြင့် ပစ်ခတ်ရှင်းလင်း လိုက်ရခြင်း ဖြစ်ကြောင်း သိရ သည်။

“ကျနော်တို့စခန်းဟောင်းကို အရင်တခါအစီးခံရတာ။ သူတို့လင်မယားတွေ စစ်ခွေးကို သတင်းပေးတာဗျ။ အဲ့ခွေးတွေဝင်စီးတော့ ကျွန်တော်တို့ ဆုတ်ခွာ ခဲ့ရတယ်။ ဆုတ်ခွာချိန်မှာ လက်နက်ခဲယမ်းတွေ မြေကြီးထဲ မြုပ်ခဲ့တာ။ နောက်မှပြန်ယူမယ်ပေါ့။ အဲ့ဒါပြီးတော့ သွားမယူနိုင်ဘူး။ နယ်မြေ အနေ အထားအရ သူတို့လင် မယားက စခန်းစီးခံရပြီး နောက်ရက်မှာ စခန်း ဟောင်းနေရာမှာ ဖွတ်ထားတဲ့ အဲ့ပစ္စည်းတွေကို ဖော်ယူ သွားတယ်လို့ သတင်းကြားတယ်။ အဲ့ဒါကြောင့်ဖုန်းဆက်ပြီး ပြန်ပေးပါပြောတယ်။ ၅ သိန်း အထိပေးမယ် တောင်ပြောတာ မပေးတဲ့အပြင် ခွေးတွေဆီသွားအပ်တာဗျာ။ ခွေးဘက်က၂၅သိန်း ဆုကြေးပေးတယ်တဲ့၊ အဲ့ကိစ္စဖြစ်ပြီး စခန်းအသစ်နေရာ လည်း ခွေးကိုသတင်းပေးပြန်တယ်၊ သတင်းပေးတာကြောင့် စကစဆီ ထပ် သ တင်းမပေးဖို့ ထပ်သတိပေးတယ်၊ သတင်းလည်းပေး စခန်းနေရာလည်း လိုက် ပြ ဖို့လုပ်နေတယ် သိရလို့ လုံခြုံရေးအရ မဖြစ်မနေရှင်းလိုက်ရတာ” ဟု မင်းလှ မြို့နယ် ပြည် သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ခံက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article