29 C
Yangon

စစ်ကိုင်းမြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီး စစ်ကြောင်းများကို မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲခြင်းများဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးထက် မနည်း သေဆုံးနိုင်

Must read

စစ်ကိုင်းမြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီး စစ်ကြောင်းများကို မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲခြင်းများဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးထက် မနည်း သေဆုံးနိုင်

ရန်ကုန်၊ ဩဂုတ် ၄

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီး စစ်ကြောင်းများကို မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများကြောင့် စစ်တပ်ဘက်မှ ၆ ဦး ထက်မနည်းသေဆုံးနိုင်ကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်မတော် သတင်းရင်းမြစ် Fight for Federal က ပြောသည်။

ဩဂုတ် ၃ ရက်နံနက်ပိုင်းစစ်ကိုင်းမြို့နယ် ဆင်တပ်(ပျူစောထီး)ရွာမှ ထွက် ခွာလာသော ပျူစောထီး ၁၀ ဦးခန့်လိုက်ပါလာသည့် ယာဉ်ကို ရွှေဘို- မန္တလေး လမ်းပေါ်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုတွင် ပျူစောထီး ယာဉ်မိုင်း ထိမှန်၍ယာဉ်ရပ်တန့်ခဲ့ကာ ပျူစောထီးများ ပြင်းထန် ဒဏ်ရာ ရရှိ သွားကြောင်း မြေပြင် ကင်းထောက်များထံမှ သိရကြောင်း Fight for Federal က ဆိုသည်။

အလားတူ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်အချိန် စစ်ကိုင်း မြို့နယ် မာလဲတောပျူရွာမှ ထွက်ခွာလာသော စစ်သား ၈ ဦးလိုက်ပါလာသော ယာဥ်ကို မာလဲတောပျူရွာနှင့် ရွှေဘို-မန်းလမ်းအကြားတွင် မိုင်းဆွဲတိုက် ခိုက် ခဲ့ရာ စစ်သား ၄ ဦး ပြင်းထန်ဒဏ်ရာရကာ သေဆုံးနိုင်ကြောင်း မြေပြင်ကင်း ထောက်များထံမှ သိရသည်။

ထို့ပြင် ဇူလိုင် ၂၉ ရက်နေ့ မွန်းလွဲ ၁၂နာရီ ကျော်အချိန် မာလဲတောပျူရွာ အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အထိုင်နေရာများကို ဒရုန်း၄ စီးဖြင့် ဗုံး ၈ လုံး ကျဲချတိုက်ခိုက်ရာ စစ်သား ၅ ဦးခန့်ထိခိုက်ခဲ့ကာ၂ ဦးသေဆုံးကြောင်း ၊ဒရုန်း ဖြင့်တိုက်ခိုက်မှုတွင် တိုက်ခိုက်ရေးဒရုန်းတစ်စီး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုအား Fight for Federal ၊ Phoenix SGG၊ Unicorn ပြောက်ကျားတပ်ဖွဲ့၊အညာသားလေး SGG၊ စစ်ကိုင်းမြို့နယ် ပကဖ တို့ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒရုန်းမစ်ရှင်များတွင် ရန်သူ၏ တန်ပြန် တိုက်ခိုက်မှုကြောင့် တိုက်ခိုက်ရေးဒရုန်းများ ပျက်စီး ဆုံးရှုံးနေရခြင်းများ ကြောင့် ဒရုန်းများပြန်လည်ဝယ်ယူဖြည့် တင်းရန်လို အ ပ်နေသောကြောင့် စစ်အာဏာရှင်စနစ်အားအလိုမရှိသော ​ပြည်သူများအနေဖြင့် ထောက်ပံ့ ကူညီ ပေးပါရန် Fight for Federal က ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article