27 C
Yangon

သရက်ချောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် တရားမဝင် အရက်များကို PDF တပ်များက ဖမ်းဆီး

Must read

သရက်ချောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် တရားမဝင် အရက်များကို PDF တပ်များက ဖမ်းဆီး

ရန်ကုန်၊ ဩဂုတ် ၄

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် အရက်သယ် ဆောင်သူ များကို PDF တပ်များက ဖမ်းဆီးရမိကြောင်း သိန်းငှက် ပြောက် ကျား တပ်ဖွဲ့ ( Falcon TYC PDF)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်း သရက်ချောင်းမြို့နယ်၊ အောက်သရက် ချောင်း ကျေးရွာလမ်းဆုံအနီး ထားဝယ်-မြိတ်ကားလမ်းပေါ်တွင် စစ်ကောင်စီ က အသစ်ထုတ်ဝေသည့် ငွေကျပ် ၂ သောင်းတန်မသုံးကြရေး အသိပေးမှုများ လုပ်ဆောင်ရင်း ရှောင်တခင် ဝင်ရောက်စစ်ဆေးစဉ် အရက်နှင့် မူးယစ်ဆေး ဝါးများ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရှိရသည်။

“အရက်သယ်တဲ့ ကုန်ကားက နေ့ခင်းတစ်နာရီမိပါတယ်။။ WY ဆေးမိတဲ့ PCX ဆိုင်ကယ်အနက်နဲ့လူနှစ်ယောက်က နေ့ခင်း ၂ နာရီမှာ မိပါတယ်။ မူးယစ် ဆေးဝါး သယ်တဲ့ လူနှစ်ယောက်ကိုတော့ဖမ်းထားပြီးစစ်နေဆဲပါ။ စစ်ခွေးနဲ့ ဆက်နွယ်နေလို့အသေးစိတ်မေးမြန်းနေပါတယ်။ ကုန်ကားက ထားဝယ်မှ မြိတ်ဘက်ကိုအဆင်းပါ။ အရက်သယ်တဲ့ ကုန်ကားသမားနှစ်ယောက် ကိုတော့ ဆုံးမပြီးကားနဲ့အတူမနေ့ ၂ နာရီလောက်ကပြန်လွှတ်လိုက်ပါတယ်။ ဆေးသယ်တဲ့သူတွေဆီက WY ဆေး အလုံး ၂၀၀ အထုပ်ရေ ၃၆ ထုပ်ပါ ဆေး ၇၂၀၀ လုံးပါ၊ ICE ဆေးထုပ်က နှစ်ထုပ်ပါ။ မီးခြစ် ၄ လုံးနဲ့ ဂျမ်ဘိုခြင်ဆေးခွေ နှစ်ဗူးပါ ဖမ်းမိတယ်။ အရက်ကတော့ အာမီရမ် တစ်ဖာ ၁၂ လုံးပါ ၂၀၀ ဖာ ဖမ်းဆီးရမိပါတယ်။ အဲဒါတွေကို ဖျက်ဆီးလိုက်ပါပြီ။ ဆေးသယ်တဲ့သူတွေဆီက ငွေ ၇ သိန်း ၄ သောင်း ၉ ထောင်သိမ်းဆည်းရမိပါတယ်” ဟု သိန်းငှက် ပြောက်ကျားတပ်ဖွဲ့ ( Falcon TYC PDF)မှ တာဝန်ရှိသူက ပြောဆိုသည်။

သိန်းငှက် ပြောက်ကျားတပ်ဖွဲ့ ( Falcon TYC PDF)အနေဖြင့် သရက်ချောင်း မြို့နယ်အတွင်းတွင် စစ်တပ်ပိုင် ပစ္စည်းများ သယ်ဆောင်ခြင်း၊ နှစ်သောင်းတန် သုံးစွဲခြင်းများကို ပိတ်ပင်ထားပြီး နှစ်သောင်းတန် သုံးစွဲခြင်းနှင့် စစ်တပ် ထုတ် ကုန်ပစ္စည်းများ သယ်ယူမှုများကို အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article