31 C
Yangon

စစ်ကိုင်းရှိ ကျော်ဇေယျာရွာမှ နေအိမ် ၆ လုံးကို စစ်တပ်က မီးရှို့ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွား၊ ပခုက္ကူရှိ ဆယ်ပင်စုရွာမှ ပြည်သူပိုင် ပစ္စည်းများကိုလည်း စစ်တပ်က ခိုးယူသွား

Must read

စစ်ကိုင်းရှိ ကျော်ဇေယျာရွာမှ နေအိမ် ၆ လုံးကို စစ်တပ်က မီးရှို့ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွား၊ ပခုက္ကူရှိ ဆယ်ပင်စုရွာမှ ပြည်သူပိုင် ပစ္စည်းများကိုလည်း စစ်တပ်က ခိုးယူသွား

ရန်ကုန်၊ သြဂုတ် ၄

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာမှ နေအိမ် ၆ လုံးကို စစ်တပ်က မီးရှို့ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာကို ဒရုန်းဖြင့် ဗုံးကျဲပြီး ပြည်သူပိုင် နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း သိရသည်။

“ဇူလိုင်လ ၃၁ ရက်နေ့က ကျော်ဇေယျာရွာကို စစ်ခွေးတွေ ဒရုန်းနဲ့ ဗုံးကျဲပြီး နံနက် ၄ နာရီလောက်မှာ အင်အား ၁၀၀ နဲ့ ၀င်စီးနင်းတယ်။ ပြည်သူပိုင် နေအိမ် ၆​ လုံးကို မီးရှို့ဖျက်ဆီးပြီး အိမ်ခြေ ၆၀၀ ကျော်မှာ ရှိတဲ့ ပစ္စည်းတွေ အကုန် ၀င်မွှေပြီး ရွှေ၊ ငွေတွေ ယူသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ဆယ်ပင်စုရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ဇီးကုန်း၊ ရှင်မကန်၊ မန်ကျည်းကန်နှင့် အောင်သာရွာမှ ထွက်လာသည့် ပျူစောထီးများက ဆယ်ပင်စုရွာကို ဝင်ရောက်မွှေနှောက်ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း သိရသည်။

” စစ်ခွေးတွေနဲ့ ဇီးကုန်း၊ ရှင်မကန်၊ မန်ကျည်းကန်၊ အောင်သာရွာက ထွက်လာတဲ့ ပျူစောထီးတွေက ဆယ်ပင်စုရွာကိုဝင်ရောက် မွှေနှောက်ပြီး ပစ္စည်းတွေ ခိုးယူသွားတယ်။ အဲဒီ စစ်ခွေး စစ်ကြောင်းက အခု ပျူစောထီးရွာ ညောင်ဂျစ်ပင်ဘုန်းကြီးကျောင်းကို ဦးတည်သွားနေတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article