Khit Thit သတင်းဌာန၏ ဩဂုတ် ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၄ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– PDF တစ်ဦး မိရင် ငွေ ၁၀ သိန်းပေးယ်လို့ ဆုကြေးငွေ ကြေညာတဲ့ နတ်မောက်မြို့၊ ဒန့်သလွန်ပင်-ရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဒေါင်းတင် ဆိုသူ ပစ်ခတ်ရှင်းလင်းခံရပြီး သေသွားတယ်လို့ နတ်မောက် PDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ကရင်နီပြည်နယ် အပါအဝင် စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှာ“ပြည်သူ့အိုးအိမ်တွေကို မီးရှို့၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ၊ မြင်မြင် သမျှပစ် သတ်၊ အမျိုးသမီးများကို မုဒိမ်းကျင့်သတ်လို့ရတယ်”ဆိုပြီး ၊ စစ်တပ်၏ ထိပ်ပိုင်း အထက်က ညွှန်ကြားထားတယ်လို့ CDM ပြုလုပ်လာတဲ့ တပ်သား တင်သိန်းက မိုးဗြဲ PDF တပ်ဖွဲ့ဆီမှာ ဝန်ခံထွက်ဆိုထားပါတယ်။
– တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်-ကျေးရွာအနီးမှာ အကြမ်းဖက် စစ်ကား တစ်စီးကို DGRF တပ်ဖွဲ့ကနေ ပစ်ခတ်တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ဦး သေသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။