31 C
Yangon

မူဆယ်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ည အချိန် ပစ်ခတ်နေသော​ကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

မူဆယ်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ည အချိန် ပစ်ခတ်နေသော​ကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ သြဂုတ် ၄

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ည အချိန် ပစ်ခတ်နေသော​ကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၄ ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် မူဆယ် ၁၀၅ မိုင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

လက်ရှိချိန်တွင် မန်မော်ရွာ နှင့် ဟိုနောင်ရွာမှ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေပြီး ၁၀၅ မိုင် အနီးအနားရှိ ရပ်ကွက်များမှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောက်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

” ခုည ၁၀ နာရီ ၂၃ မိနစ်ခန့်က မူဆယ် မြို့မှာ လက်နက်အကြီးသံ ကြားနေရတယ်။ တစ်ခါပစ်ရင် လက်နက်ကြီး ၃ ချက်ပစ်တယ်။ မန်မော်ရွာနဲ့ ဟိုနောင်ရွာက ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ သိရတယ်။ မူဆယ် ၁၀၅ မိုင်နား ရပ်ကွက်တွေက ပြည်သူတွေလည်း ပြေးနေရတယ်လို့ သိရတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article