33 C
Yangon

ရေဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၄ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရေဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၄ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ သြဂုတ် ၅

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၄ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၅ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ်၏ ခမရ ၇၀၈ နှင့် ၇၀၂ စစ်ကြောင်းသည် ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်​​ကြောင်းထိုး ဝင်ရောက်လာ​သောကြောင့် ပြည်သူ ၅၀၀၀ ကျော်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် ရေဦးမြို့နယ် အနောက်ခြမ်းရှိ ရှော်ဖြူ၊ ချောင်းရိုး၊ တောင်တော၊ ရွာမ၊ တင်းတိန်ရံ၊ ထန်းတော၊ မြို့ကြီး၊ ပေါက်တော၊ ငါးပိခိုး၊ စပ်သီးခိုး၊ အုန်းခြံ၊ အောင်ကလေး၊ မကျည်းနီနှင့် ဆိတ်သင်းဘိုး စသည့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

” အကြမ်းဖက် စစ်ခွေး စစ်ကြောင်းက ရေဦးနယ်အနောက်ခြမ်း တောင်တော/ရွာမဘက်ကနေ တင်းတိန်ရံစံပြရွာ စျေးဘက်နဲ့ ဆန်စက်ဘက်ကို အဖွဲ့ခွဲ တပ်စွဲထားပြီး ကျေးရွာတွေ အတွင်းကို လည်း ဝင်ရောက်မွှေနှောက်နေကြပါတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တင်းတိန်ရံရွာအတွင်း ရောက်ရှိနေကာ လက်ရှိချိန်ထိ တပ်စွဲထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article