ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်သင်္ဘော အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
ရန်ကုန်၊ သြဂုတ် ၅
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်သင်္ဘော အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့ရှိ ချင်းတွင်းမြစ်အတွင်း မင်းဒေါင့်ဆိပ်သို့ ဦးတည် ထွက်ခွာလာသော အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၂ စီးနှင့် ဖလပ်ခွန် ရေယာဉ် ၃ စီးသည် ချင်းတွင်းမြစ်အတွင်း ဆန်တက်ခဲ့ပြီး မြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများနှဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“ဆန်တက်နေတုန်း ရှိသေးတယ်။ တစ်လမ်းလုံး ပစ်တယ်။ ပြည်သူတွေ ထိခိုက်တာတော့ မသိသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်၏ ရေယာဉ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ကမ်းနားတစ်လျှောက်ရှိ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများက ပြောကြားသည်။
Photo – အညာပစ်တိုင်းထောင်လေးများအဖွဲ့