25 C
Yangon

လောင်းလုံးမြို့နယ်တွင် ဇူလိုင်လအတွင်း လှေမှောက်သေဆုံးသော စစ်သား ၃၅ ဦးအပါအဝင် တိုက်ပွဲများအတွင်း စစ်သား စုစုပေါင်း ၆၆ ဦးသေဆုံး

Must read

လောင်းလုံးမြို့နယ်တွင် ဇူလိုင်လအတွင်း လှေမှောက်သေဆုံးသော စစ်သား ၃၅ ဦးအပါအဝင် တိုက်ပွဲများအတွင်း စစ်သား စုစုပေါင်း ၆၆ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၅

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ဇူလိုင်လအတွင်း ထားဝယ်မြစ်၌ လှေမှောက်သေဆုံးသူ ၃၅ ဦး အပါအဝင် တိုက်ပွဲများအတွင်စ အကြမ်းဖက် စစ်သား စုစုပေါင်း ၆၆ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၁၅ ရက်နေ့က လောင်းလုံးမြို့နယ်၊ ကျောက်နီမော်နှင့် သကျက်တောအကြား ထားဝယ်မြစ် အတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ် စက်လှေတစ်စီးနစ်မြှုပ်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၅ ဦးသေ ဆုံးခဲ့ကြောင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် စစ်ဆင်ရေး ၁၇ ခု ကို ဖော်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၆ ဦးသေဆုံးပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် ၃၇ ဦးဒဏ်ရာရရှိခဲ့ကာ လောင်းလုံမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း သိရသည်။

ဇူလိုင်လ ၅ ရက်နေ့တွင် တပ်မ ၂၅ မှ ဆင်းလာသော ပျူစောထီးချစ်စမ်းမောင်၏တွဲဖက် ပျူဝင်းလှိုင်(ခ) ကရင်ကို ရှင်းလင်းခဲ့ပြီး ဇူလို်ငလ ၉ ရက်နေ့တွင် ရေဖြူမြို့နယ်၊ ကျောက်ကညာအမြောက်တပ်ကို ဒရုန်း ဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် လောင်းလုံးမြို့နယ် ရပ်ခပ်တောင်သို့ တပ်စွဲရန် လာသော အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကို ကြားဖြင့်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းနှင့် နဘုလယ်ရေနက်ဆိပ်ကမ်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းတို့လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇူလိုင် ၁၃ ရက်နေ့တွင် မောင်းမကန်ရဲစခန်းနှင့် လောင်းလုံးမြို့နယ် ရပ်ခပ်တောင် ပေါ်၌ တပ် စွဲထားသော စစ်ကြောင်းကို အပြန်အလှန်ပစ်ခတ်မှု ၁ နာရီခန့်ကြာအောင် တိုက်ခိုက်ခဲ့ကြောင်း၊ ဇူလိုင် လ ၁၄ ရက်နေ့တွင် ထားဝယ်မြစ်အတိုင်း ဆင်းလာ၍ သကျက်တောမြစ်ဆိပ်မှ လှေ ၂ စီး ကမ်း ကပ်ကာ တက်လာသည့် စစ်သား ၇၀ ခန့်ကို ကြားဖြတ်တိုက်ခိုက်သည့်အပြင် မောင်းမကန်ရဲစခန်းအား ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်း၊ ရပ်ခပ်တောင်ပေါ်၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက် တို့ လုပ်ဆောင်ခဲ့ကြောင်း လောင်းလုံး PDF က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အလားတူ ဇူလိုင်လ ၁၅ ရက်နေ့တွင် ရေဖြူမြို့နယ်၊ နတလရုံး၌ တပ်စွဲထားသော စစ်သားများကို ဝင် ရောက်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၁၆ ရက်နေ့တွင် ထားဝယ်မြို့ရှိ ဝန်ကြီးအိမ်ရာ၊ နတလရုံး၊ ကမြော ကင်းတံတား ကင်းပုန်းများကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ဇူလိုင် ၁၇ ရက်နေ့တွင် ရပ်ခပ် တောင်ပေါ်၌ တပ်စွဲထားသော စစ်သားများကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျောက်နီမော် ပျူစောထီးစခန်း၏ ရဲချောင်းကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပြီး နောက် အဝေး ထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

ဇူလိုင် ၂၁ ရက်နေ့တွင် ပျူစောထီး၊ ရဲများနှင့် ဆက်ကြေးကောက်နေသောစိုက်/မွေး ဒုဦးစီးမှူး ဦးသိန်းဦး ကို ရှင်းလင်းခြင်း၊ မူးယစ်အထူးထောက်လှမ်းရေး တစ်ဦးအပါအဝင် ၃ ဦးအား မူးယစ်ဆေးဝါး၊ လက်လုပ် လက်နက်များနှင့် ဆီးရရှိခဲ့ကြောင်း၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် ရပ်ခပ်တောင်တပ်စခန်းသို့ အင်အားဖြည့် ဝင်လာသော အကြမ်းဖက်စစ် ကြောင်းကို စခန်းကြီး၊ ဖွားဘုတ်ပြင်း၌ တနေကုန်တိုက်ပွဲဆင်နွှဲခြင်းနှင့် ယင်းနေ့ညပိုင်းက တတိယအကြိမ်မြောက် ထားဝယ်မြို့ရှိ ဝန်ကြီးအိမ်ယာကို ၈၁ မမ စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံး PDF ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article