28 C
Yangon

တနင်္သာရီမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးဒဏ်ရာရပြီး နေအိမ် ၈ လုံးကျော် ပျက်စီး

Must read

တနင်္သာရီမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးဒဏ်ရာရပြီး နေအိမ် ၈ လုံးကျော် ပျက်စီး

ရန်ကုန်၊ ဩဂုတ် ၆

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း၌ အကြမ်းဖက်စစ် တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၃ ရက်အတွင်း ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၈ လုံးထက်မနည်းပျက် စီးခဲ့ကြောင်း ဒေသတွင်း သတင်း ရင်းမြစ်ထံမှ သိရသည်။

ဩဂုတ်လ ၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်း ဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ဗောဓိ ကမ်း၊ ဘန်လော၊ ခြောက်မိုင်နှင့် ငါးမိုင်ကျေးရွာတို့အတွင်း ပစ်ခတ်ခဲ့ရာ ခြောက်မိုင်ကျေးရွာမှ အမျိုး သမီး တစ်ဦးနှင့် ဘန်လောကျေးရွာမှ အ မျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ညပိုင်းက တိုက်ပွဲဖြစ်ပွာခြင်းမရှိပဲ အ ကြမ်း ဖက်စစ်တပ်က လက်နက်ကြီးဖြင့် ဗောဓိကမ်းကျေးရွာအတွင်း ၅ လုံးခန့် ပစ်ခတ်ခဲ့ရာ လူလတ်ပိုင်း အမျိုးသားတစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါလက်နက်ကြီးများဖြင့် ပစ်ခတ်သော အကြမ်းဖက်စစ်တပ်မှာ မော်တုန်းရွာအခြေစိုက် အမြောက်တပ် အမတ ၃၀၆ ၊ အောက်ကင်းရွာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၅၇ တပ်နှင့် ညောင်ပင်ကွင်းရွာ အခြေစိုက် ခမရ ၅၆၁ တပ်တို့ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဩဂုတ်လ ၃ ရက်နေ့က နေအိမ် ၆ လုံး ထက် နည်း ပျက်စီးခဲ့ပြီး ဩဂုတ်လ ၁ ရက်နေ့က နေအိမ် ၁ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်တွင်လည်း အကြမ်း ဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် ဘန်လောရွာမှ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်။

Photo – ဩဂုတ်လ ၃ ရက်နေ့က အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီး သွားသော နေအိမ်များ

(The Tanintharyi Times သတင်းဌာနသည် ရန်ကုန်ခေတ်သတင်းဌာန၏ မိတ်ဖက်ဖြစ်သည်)

ဩဂုတ်လ ၃ ရက်နေ့က အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီး သွားသော နေအိမ်များ
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article