ရန်ကုန်တွင် တော်လှန်လူငယ်များက စစ်အာဏာရှင် တော်လှန်ရေး စာတန်းချိတ်ဆွဲ
ရန်ကုန်၊ သြဂုတ် ၆
ရန်ကုန်တွင် တော်လှန်လူငယ်များက ယနေ့ သြဂုတ်လ ၆ ရက်နေ့၌ “ရုန်းထွက်တော်လှန်၊ ကျောင်းသားထုအားမာန်” စာတန်း ချိတ်ဆွဲပြီး ၈၈၈၈ လူထုအရေးတော်ပုံ နှစ်ပတ်လည်အကြို စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို အ.ထ.က ၂ အရှေ့ဒဂုံမြို့နယ် အခြေခံပညာ ကျောင်းသား လူငယ်များအစည်းအရုံး (အကလ) နှင့် မရမ်းကုန်းမြို့နယ် အခြေခံပညာကျောင်းသား လူငယ်များ အစည်းအရုံး (မရမ်းကုန်း-အကလ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။