ကောလင်းရဲစခန်းနှင့် ထွေအုပ်ရုံးကို ဝင်ရောက် တိုက်ခိုက်မှု ဒုရုဲအုပ် ၁ ဦးနှင့် ရဲမေ ၁ ဦးသေဆုံး၊ ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘောအုပ်စုကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၆
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ပေါ်ရှိ ကောလင်းရဲစခန်း အထွေထွေအုပ်ချုပ် ရေး မှူးရုံးရှိ အကြမ်းဖက် စစ်သား ရဲများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦးနှင့် ရဲမေတစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိ သူများရှိကြောင်း Kawlin Revolution – KR ထံမှ သိရသည်။
ယနေ့ ဩဂုတ်လ ၅ ရက် နံနက် ၄ နာရီခွဲခန့်က ကောလင်းမြို့အတွင်းရှိ အကြမ်းဖက်စစ်သား၊ ရဲများ အထိုင်ချတပ်စွဲထားရာ မြို့မရဲစခန်းနှင့် အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း၌ ဒုရဲအုပ်တစ်ဦးနှင့် ရဲမေတစ်ဦးသေဆုံးပြီး အချို့ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ထွေအုပ်ရုံးအတွင်းတပ်စွဲထားသော အကြမ်းဖက်စစ် သား များလည်း ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ကောလင်းခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း ၂ ၊ ကောလင်းမြို့ နယ် ပကဖနှင့် The Secret Warrior အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
အလားတူ ဩဂုတ်လ ၅ ရက် နံနက် ၁ နာရီခန့်က ၅ မိုင်းမှ ထွက်လာသော အကြမ်းဖက်စစ်သားများ ကောလင်းမြို့အတွင်းသို့ ဝင်ရောက်လာပြီးနောက် နံနက် ၄ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ခဲ့ ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကန်ကြီးကုန်း(ပျူ)ကျေးရွာသို့ လက်နက် ခဲယမ်း များပို့ဆောင်ပြီး ဆန် တက်လာသော စစ်သင်္ဘောများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Chaung U Revolution Army –CRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ သို့ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၅ ရက်နေ့က ဧရာဝတီမြစ်ဘက်မှ လက်နက်ခဲယမ်း၊ ရိက္ခာများတင်ဆောင်ကာ တက်လာသည့် အကြမ်းဖက်စစ်ကောင်စီ သင်္ဘော ၅ စီးသည် ကန်ကြီးကုန်း(ပျူ)ရွာသို့ လက်နက်ခဲယမ်း၊ ရိက္ခာများ ပို့ဆောင်ပြီး နောက် မုံရွာဘက်သို့ ဆက်လက်ဆန်တက်လာစဉ် မြစ်ကြောင်းတ လျှောက် စနိုက် ပါသေနတ် ၂ လက်ဖြင့် ၁၃ ချက်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးထိမှန်ပြီး တစ်ဦးသေဆုံးခဲ့ ကြောင်း သိရသည်။
အလားတူ ရှေ့ထွက်မိုင်း ၁၀ လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်း ဖက် စစ်တပ်မှ လက်နက် ငယ်များနှင့် ၄၀ မမ၊ ၆၀ မမ ပြောင်းရှည် များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နောက်ဆုံး သင်္ဘော ၂ စီး၏ စလင်း ခန်း ထဲ သို့ ရှေ့ထွက်မိုင်းများဖြင့် ချိန်တွယ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုများကို ချောင်းဦး မြို့နယ် တော်လှန်ရေးတပ်-CHAUNG U REVOLUTION ARMY (CRA)၊ တပ်စု ၅ အဖြူရောင်စစ်သည်တော်များ WHITE WARRIORS နှင့် ဆားလင်းကြီးပြည်သူ့ ကာ ကွယ်ရေးအဖွဲ့- SALINGYI PEOPLE DEFENSE FORCE(SPDF)တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ် ကြောင်း စနိုက်ပါ ကျည် တစ်တောင့်လျှင် ၂၅၀၀၀ ကျပ် တန်ကြေး ရှိနေ သဖြင့် မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးစေလိုကြောင်း Chaung U Revolution Army –CRA တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။