28 C
Yangon

ကရင်နီပြည်နယ်တွင် စစ်တပ်က တိုက်လေယာဉ်များဖြင့် မှားယွင်းဗုံးကျဲသဖြင့် စစ်သား ၁၂ ဦးသေဆုံး၊ ကရင်နီတပ်သား ၂ ဦးလည်း ဗုံးထိမှန် ကျဆုံးပြီး ၇ ဦးဒဏ်ရာရ

Must read

ကရင်နီပြည်နယ်တွင် စစ်တပ်က တိုက်လေယာဉ်များဖြင့် မှားယွင်းဗုံးကျဲသဖြင့် စစ်သား ၁၂ ဦးသေဆုံး၊ ကရင်နီတပ်သား ၂ ဦးလည်း ဗုံးထိမှန် ကျဆုံးပြီး ၇ ဦးဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၇

ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲရာတွင် ၎င်း၏ တပ်အပေါ် မှားယွင်းဗုံးကျဲမိသဖြင့် စစ်သား ၁၂ ဦး သေဆုံး ခဲ့ကြောင်း ထိုင်း Thai PBS သတင်းက သတင်းဖော်ပြသည်။

ဩဂုတ်လ ၅ ရက်နေ့ တွင် စစ်တပ်က တိုက်လေယာဉ် ၃ စီးဖြင့် ထိုင်း-မြန်မာ နယ် စပ်ရှိ ကရင်နီတပ်မတော် KA နှင့် KNDF စခန်းများကို ဗုံးကျဲတိုက် ခိုက်ခဲ့ ကြောင်း၊ ယင်းသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကရင်နီတပ်သား ၂ ဦး ကျ ဆုံး ခဲ့ရပြီး တပ်သား ၇ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသော ကရင်နီ တပ် သားများကို ထိုင်း-မြန်မာနယ်စပ်သို့ ဖြတ်ကျော်၍ ထိုင်းနိုင်ငံတွင် ဆေးဝါး ကုသမှု ခံယူလျက်ရှိကြောင်း သတင်းက ဆိုသည်။

စစ်ကောင်စီက ကရင်နီတပ်စခန်းများကို လေယာဉ်ဖြင့် ဗုံးကျဲရာတွင် ၎င်း စစ်တပ်စခန်းများကို မှားယွင်းကျဲချမိ၍ စစ်သား ၁၂ ဦးသေဆုံးခဲ့ပြီး အများ အပြား ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဩဂုတ်လ ၅ ရက်နေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် KNU တပ်ဖွဲ့များက ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ မြန်မာစစ်ကောင်စီတပ်ကို ပူးတွဲတိုက် ခိုက်ခဲ့ကြောင်း၊ မြန်မာအကြမ်းဖက်စစ်ကောင်စီတပ်ကလည်း ကရင်နီတပ်များ သိမ်းယူသွားသော ထိုင်း-မြန်မာနယ်စပ်ရှိ နယ်ခြားစောင့်စခန်းများကို ပြန် လည်ရရှိရေး ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။

လက်ရှိတွင် မြန်မာစစ်တပ်မှ စစ်သား အင်အား ၃၀၀ သည် သံလွင်မြစ်ကို ဖြတ်ကျော်၍ ဆုံးရှုံးသွားသော မြန်မာစစ်တပ်၏ စခန်းများကို ပြန်လည်ရရှိရေး တိုက်ခိုက်နေကြောင်း၊ နောက်ထပ် မြန်မာစစ်တပ်မှ အင်အား ၃၀၀ မှာလည်း သံလွင်မြစ်ကို ဖြတ်ကျော်ရန် ပြင်ဆင်နေကြောင်း၊ ကရင်နီတပ်များကို အလုံး အရင်းဖြင့် ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။

ဩဂုတ်လ ၅ ရက်နေ့တိုက်ပွဲတွင် နှစ်ဖက် ပစ်ခတ်သံများနှင့် ပေါက်ကွဲသံ များ ကို ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်းမှ ကြားနေရပြီး ထိုင်းအများအပြား စိုးရိမ် စွာဖြင့် နေအိမ်များမှ စစ်ဘေးရှောင်ကြကြောင်း၊ ထိုင်းဘက်ခြမ်းသို့ ကရင်နီ ဘက်ခြမ်းမှ စစ်ဘေးရှောင် ၃၈၈၆ ဦး ထွက်ပြေး တိမ်းရှောင်လာပြီး စစ်ဘေးရှောင် စခန်း ၅ ခုတွင် ခိုလှုံနေကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- မြန်မာအကြမ်းဖက်စစ်ကောင်စီ လေတပ်မှ Yak-130 တိုက်လေယာဉ် တစ်စီး။

မြန်မာအကြမ်းဖက်စစ်ကောင်စီ လေတပ်မှ Yak-130 တိုက်လေယာဉ် တစ်စီး။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article