28 C
Yangon

ဝက်လက်နှင့်စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် မိသားစုများကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများထောက်ပံ့လှူဒါန်း

Must read

ဝက်လက်နှင့်စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် မိသားစုများကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများထောက်ပံ့လှူဒါန်း

ရန်ကုန်၊ ဩဂုတ် ၇

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့ နယ်အတွင်းရှိ စစ်ဘေးရှောင် မီးဘေးသင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၆ ရက်နေ့က ဝက်လက်မြို့နယ်အတွင်းရှိကျေးရွာအချို့နှင့် စဉ့်ကူးမြို့နယ်၊ ကြက်တူးရွေးကျေးရွာ၊ မြစ် ကမ်းကြီးကျေးရွာ၊ တမာကုန်းကျေးရွာ၊ ဟင်္သာရွာမကျေးရွာ၊ ပိတောက်ကုန်းကျေး စသည့်ကျေးရွာမှ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအပါအဝင် စစ် ဘေးရှောင်မိသားစု ၄၀၀ ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှု နှင့်လိုအပ်သော ဆေးဝါးများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို CDM ကျန်း မာရေးဆရာမများ၊ ဆရာဝန်များမှ စစ်ဆေးပေးခဲ့ခြင်းဖြစ်ပြီး ပြည်ပမှ အလှူများ၏ ထောက်ပံ့ကူညီမှုဖြင့် ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့မှ ဦးဆောင်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article