မုံရွာ-အရာတော် လမ်းပိုင်းပေါ် ၈၈၈၈ နေ့အထိမ်းအမှတ် အကြို စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ သြဂုတ် ၇
မုံရွာ-အရာတော် လမ်းပိုင်းပေါ် ၅/အရာတော် သပိတ်အင်အားစုများနှင့် ကျောင်းသားများ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၇ ရက်နေ့တွင် “မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ အရာတော်မြို့နယ် ကျောင်း သားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ နည်းပညာတက္ကသိုလ်(မုံရွာ) ကျောင်းသားများ သမဂ္ဂ နှင့်ဒေသခံ ပြည်သူလူထု၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအတူပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။