27 C
Yangon

မြ၀တီမြို့နယ်တွင် ရေကြီး၍ မိုးသည်းထန်နေချိန် လက်ခတ်တောင်တွင် တိုက်ပွဲ ပြင်းထန်နေ

Must read

မြ၀တီမြို့နယ်တွင် ရေကြီး၍ မိုးသည်းထန်နေချိန် လက်ခတ်တောင်တွင် တိုက်ပွဲ ပြင်းထန်နေ

ရန်ကုန်၊ ဩဂုတ် ၇

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် သောင်ရင်းမြစ်ရေကြီး၍ ရေကြီးရေလျှံ မှုများဖြစ်ပွားပြီး မိုးများသည်းထန်စွာ ရွာသွန်းနေချိန် စစ်ကောင်စီတပ်နှင့် KNLA ၊ PDF တပ်များအကြားတွင်လည်း တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသ ပြည်သူများထံမှ သိရှိရသည်။

ဩဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မြ၀တီမြို့နယ်၊ လက်ခတ် တောင် အနီးတွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေကြောင်း၊ အဓိကအားဖြင့် စစ်ကောင်စီ တပ်က လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်၍ ထိုးစစ်ဆင်နေကြောင်း၊ မိုးသည်ထန်မှုနှင့်အတူ စစ်ကောင်စီတပ်က ပစ်ခတ်နေသော လက်နက် ကြီး သံမှာလည်း ဆက်တိုက် ဆူညံနေကြောင်း သိရှိရသည်။

“မနက်အစောတည်းက တအုန်းအုန်းနဲ့ ပစ်ခတ်နေတာ။ ပြည်သူတွေကတော့ မိုးတွေကလည်းရွာ၊ ရေတွေကလည်းကြီးနဲ့ တိုက်ပွဲ လက်နက်ကြီး သံတွေ ကလည်း ဆူညံ ဒုက္ခမှ အကြီးအကျယ်ဒုက္ခဗျ။ လက်ခတ်တောင် အနား လောက်မှာဖြစ်နေတာ။ မနေ့ညနေပိုင်းကလည်း စစ်တပ်က မြ၀တီမြို့နယ် ထဲကနေ အရပ်လေးမျက်နှာ လက်နက်ကြီးတွေနဲ့ တောက်လျှောက် ထု နေတာ” ဟု မြ၀တီမြို့ပြည်သူတစ်ဦးက ဆိုသည်။

KNLA နှင့် PDF တော်လှန်ရေးတပ်များက အရေးပါသည့် ဗျူဟာကုန်း တစ် ခုဖြစ်သော လက်ခတ်တောင်ကို ဇူလိုင်လ နှောင်းပိုင်းတွင် သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီတပ်များက ယင်းစခန်းကုန်းကို ပြန်လည် သိမ်းပိုက်ရန် အင်အား အများအပြားဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ညနေပိုင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မြ၀တီမြို့ပေါ် အမှတ် ၃ စစ်မှုထမ်း ဟောင်းရပ်ကွက်မှ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူများ တချို့ အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- လက်ခတ်တောင်ထိပ်တွင် ဘုရားစေတီတချို့ရှိနေပြီး အကြမ်းဖက် စစ်တပ်က ယင်းဘုရားစေတီများတွင် တပ်စွဲခဲ့ခြင်းဖြစ်သည်။

လက်ခတ်တောင်ထိပ်တွင် ဘုရားစေတီတချို့ရှိနေပြီး အကြမ်းဖက် စစ်တပ်က ယင်းဘုရားစေတီများတွင် တပ်စွဲခဲ့ခြင်းဖြစ်သည်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article