ရန်ကုန်တွင် တော်လှန်လူငယ်များက “အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည်” စာတန်းချိတ်ဆွဲပြီး ၈၈၈၈ အရေးတော်ပုံ အကြို လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဩဂုတ် ၇
ရန်ကုန်မြို့တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၇ ရက်နေ့၌ “အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည်” စာတန်း ချိတ်ဆွဲပြီး ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့် အကြို လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို Kyimyindaing Networks (KMD18) နှင့် Mayangone Democratic Front (MDF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။