31 C
Yangon

လောင်းလုံးတွင် စစ်တပ်၏ ရိက္ခာတင်ကား ၁ စီးကို PDF တပ်ဖွဲ့က လိုက်လံ ပစ်ခတ် ဖမ်းဆီးစဥ် ပြည်သူ ၁ ဦး ကျည်ထိမှန်သေဆုံး

Must read

လောင်းလုံးတွင် စစ်တပ်၏ ရိက္ခာတင်ကား ၁ စီးကို PDF တပ်ဖွဲ့က လိုက်လံ ပစ်ခတ် ဖမ်းဆီးစဥ် ပြည်သူ ၁ ဦး ကျည်ထိမှန်သေဆုံး

ရန်ကုန်၊ ဩဂုတ် ၇

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ရိက္ခာတင်ကား ၁ စီးကို PDF တပ်ဖွဲ့က လိုက်လံ ပစ်ခတ် ဖမ်းဆီးစဥ် ပြည်သူ ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း လောင်းလုံး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ ဩဂုတ်လ ၆ ရက် နံနက်ပိုင်းက လောင်းလုံးမြို့နယ်၊ လေကြောင်းရန်ကာကွယ်ရေး စခန်း (လားဘိုတောင်စခန်း)နှင့် စမ်းလှေန်တောင်ပေါ်ရှိ မိုင်တဲတာဝါတိုင်စခန်းအတွက် ရိက္ခာများဖြည့်တင်း ရန် ထားဝယ်မြို့ပေါ်တွင် တက်ရောက်ဝယ်ယူနေကြောင်း သတင်းအရ ထားဝယ်-လောင်းလုံးလမ်းပိုင်း တနေရာ စောင့်ဖမ်းရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စောင့်ဆိုင်းခဲ့ကြောင်း၊ ထို့သို့ စောင့်ဆိုင်း နေစဉ် နေ့လည် ၁၂ နာရီခန့်၌ ရိက္ခာများဝယ်ယူပြီး ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီကားကို ရပ် တန့်ရန် လမ်းပိတ်တားဆီးရာ ရပ်နားခြင်းမရှိပဲ လမ်းပေါ်ရှိ ပြည်သူ့ကာကွယ်ရေး ရဲဘော်များကို ကား နှင့်တိုက်ကာ မောင်းပြေးသွားကြောင်း သိရသည်။

အကြမ်းဖက်စစ်သားများမှ ကားနှင့်တိုက်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အလျှင် အမြန်ရှောင်တိမ်းနိုင်ခဲ့သ ဖြင့် ပွန်းပဲ့ဒဏ်ရာမျှသာရရှိခဲ့ပြီး ထွက်ပြေးသွားသော ကားကို လိုက်လံ ပစ်ခတ်ဖမ်းဆီးရာ အင်းဇောက်ကျေးရွာ လမ်းဆုံအနီးရှိ ဘိလိယက်ခုံရှေ့၌ ကားဘီးပေါက်ကာ ထိုး ရပ်သွားပြီး အကြမ်းဖက်စစ်သားများမှာ ဘိလိယက်ခုံဆိုင်နောက်ဘက်သို့ ထွက်ပြေးသွား သဖြင့် ပစ် ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ပစ္စည်းတွေ မယူဘဲ ဆုတ်လိုက်ရတယ်။ စစ်ခွေးတွေက သာလွန်အင်အားနဲ့ နှစ်ဘက် ညှပ်ဆင်းလာလို့ ပြည်သူတွေ စစ်ရေး သတိရှိနေပေးရန် တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့လည်း အကောင်းဆုံးကြိုးစားလုပ်ဆောင်နေပါတယ်။ မတော်တဆ ကျည်ထိ သေဆုံးခဲ့ရသော အပြစ်မဲ့ပြည်သူတစ်ဦး အတွက်လည်း များစွာ ဝမ်းနည်းကြေကွဲရပါတယ်” ဟု လောင်းလုံး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ထွက်ပြေးလွတ်မြောက်သွားသော အကြမ်းဖက်စစ်သားများကို လိုက် လံဖမ်းဆီးစဉ် ထားဝယ်မြို့ ပေါ် မှ စစ်ကား ၂ စီးဖြင့် အကြမ်းဖက်စစ်သား ၄၀ ခန့်နှင့် လောင်းလုံးမြို့မ ရဲစခန်းမှ ကား ၃ စီး အင် အား ၃၀ ခန့်ရောက်ရှိလာသဖြင့် ချက်ချင်းပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ ရောက်ရှိလာသော အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင်များမှလည်း ခရီးသွားပြည်သူ များကို စစ်ဆေးခြင်း၊ လွတ်မြောက်သွားသော ၎င်းတို့ တပ်သားများကို ရှာဖွခြင်းများ ၂ နာရီခန့်ကြာသည် အထိ ပြုလုပ်ခဲ့ကာ ပြန်သွားခဲ့ကြောင်း သိရသည်။

ထိုပစ်ခတ်မှုဖမ်းဆီးမှုအတွင်း သေဆုံးသူအား ဆက်လက်စုံစမ်းရာ သေဆုံးသူသည် အကြမ်း ဖက် စစ် ကောင်စီတပ်သားမဟုတ်ပဲ ဘိလိယက်ခုံရောက်ရှိနေသူ အပြစ်မဲ့ပြည်သူ ကိုမျိုးဇော်လတ်ဖြစ် နေ သည်ကို သိရှိရကြောင်း၊ အခင်းဖြစ်ပွားချိန်က ဘိလိယက်ခုံအတွင်း ပြည်သူ ၁၀ ဦးခန့်ရှိနေပြီး အကြမ်းဖက်စစ်သားများ ဆိုင်ထဲသို့ ဝင်လာချိန် ကြောက်လန့်ကာ အကြမ်းဖက်စစ်သားများနှင့်အတူ ထွက်ပြေးရာက ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟု ဆိုသည်။

ယင်းသို့ အပြစ်မဲ့ ပြည်သူတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ရသည့်အပေါ် လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့အနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိစွာဖြင့် တာဝန်ယူသွားမည်ဖြစ်ပြီး ကျန်ရစ်သူ မိသား စုနှင့် အတူ ထပ်တူဝမ်းနည်းရပါကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article