24 C
Yangon

မြိုင်မြို့နယ်တွင် မိုင်းရှင်း နေသော စစ်သားများနှင့် ပျူစောထီး စခန်းတို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး၊ ချောင်းဦးတွင် ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မြိုင်မြို့နယ်တွင် မိုင်းရှင်း နေသော စစ်သားများနှင့် ပျူစောထီး စခန်းတို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး၊ ချောင်းဦးတွင် ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ သြဂုတ် ၇

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် မိုင်းရှင်းနေသည့် စစ်သားများနှင့် သရက်ကွရွာရှိ ပျူစောထီး စခန်းတို့ကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ပခုက္ကူ – ကမ္မ – မင်းတပ် လမ်းပိုင်း တစ်နေရာတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းများ ဖြတ်သွားမည်ဟု သိရသောကြောင့် မိုင်းရှင်းရန် လာစောင့်နေသည့် စစ်သားနှင့် ပျူစောထီးများကို ၄ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရ ပျူစောထီး ၅ ဦးနှင့် စစ်သား ၃ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါ မိုင်းဆွဲ ၄ တိုက်ခိုက်မှုကို မြိုင် ပကဖ ရင်း ၁ ခွဲ ၅ စိတ် ၂ ၊ ၃ နှင့် Black Cobra Pku အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဩဂုတ်လ ၂ ရက်နေ့မှ ဩဂုတ် ၇ ရက်နေ့ထိ မြိုင်မြို့နယ် သရက်ကွရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး အလုံးရေ ၇၈၀ ခန့်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီးနှင့် ရဲများအပြင်သို့ ထွက်ကြည့်ခြင်းမရှိဘဲ ဘန်ကာ ကတုတ်ကျင်းများတွင်သာ ပုန်းအောင်နေကျသည်ကို သိရှိရကြောင်း၊ Drone ဖြင့် အီနာဂါ ဗုန်းသီးများ ချရာတွင်လည်း ထိခိုက်မှုရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၃ ခွဲ ၁ နှင့် ပကဖများ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ မြိုင်မြို့နယ် အတွင်းရှိ စစ်သားနှင့် ရဲများ လက်နက်ဖြင့် အလင်းဝင်ရောက်မည်ဆိုပါက ပြည်သူလူထုအနေဖြင့် ဆုချီးမြင့်ရန် နှင့် ဖေးမကူညီရန် အသင့်ဆောင်ရွက်ထားရှိပြီး ပျူရွာများအနေဖြင့် မိမိတို အသိစိတ်ဝင်ကာ ပြည်သူလူထု နှင့် အမြန်ပူးပေါင်းကြပါရန် မြိုင်ပကဖ က ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာရှိ ပျူစောထီးစခန်းကို မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန် စစ်ဆင်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာရှိ ပျူစာထီးစခန်းကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့​ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4)SSTF၊ စစ်ကိုင်းခရိုင်၊တပ်ရင်းအမှတ်(၄)MSPDF၊ မုံရွာခရိုင်၊ပကဖ၊ ကျောက်လုံးကြီးKLGတပ်မဟာ၊ အနောက်ပိုင်းတိုက်ခိုက်ရေး (001)CDSOM၊ MRTF အရာတော်၊ Monywa Ranger၊ Seven People Defense Force-Mandalay၊ Union Brothers-UB (ပြည်သူ့အကျိုးဆောင်အဖွဲ့)၊ ကြောက်ခေတ်ကိုမှောက်ပစ်မယ်ထောက်ပို့အဖွဲ့၊ ဒေါနစစ်ကြောင်း၏ဖိုးမောင်ပြန်လာပြီဇာတ်ကားထောက်ပို့အဖွဲ့၊ Support To Federal Democracy၊ မဖြူလေး နှင့် ဒေသ တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article