စစ်တပ်၏ စစ်ဌာနချုပ်များပါ ရှေ့တန်းနယ်မြေဖြစ်နေပြီး ၂၀၂၃ ခုနှစ် ၆ လအတွင်း စစ်ဌာနချုပ် ၅ ခုကို တိုက်ခိုက်ခဲ့ကြောင်း ဦးမောင်မောင်ဆွေပြောဆို
ရန်ကုန်၊ ဩဂုတ် ၇
အကြမ်းဖက် စစ်တပ်၏ စစ်ဌာနချုပ်များပါ ရှေ့တန်းနယ်မြေဖြစ်နေပြီး ၂၀၂၃ ခုနှစ် ၆ လအတွင်း စစ်ဌာနချုပ် ၅ ခုကို တိုက်ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောဆိုသည်။
နွေဦးတော်လှန်ရေး အောင်ပွဲသတင်းများ ပြည်သူလူထုထံသို့ တင်ပြခြင်းအစီအစဉ်၌ ၂၀၂၃ ခုနှစ်၊ ပထမ ၆ လအတွင်း တိုက်ပွဲအခြေအနေများကို တင်ပြရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ် သည်။
ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ၆ ကြိမ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ၁ ကြိမ်၊ တပ်မ ၄၄ ဌာနချုပ်ကို ၃ ကြိမ် ၊ တပ်မ ၃၃ ဌာနချုပ်ကို ၁ ကြိမ်၊ တပ်မ ၁၀၁ ဌာနချုပ်ကို ၂ ကြိမ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက်နက်ကြီးများ၊ ရှော့တိုက် ဒုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။
“ရန်သူ့အနေနဲ့က ရှေ့တန်းမှာသာ ရှေ့တန်းမဟုတ်ဘူး။ စစ်ဌာနချုပ်တွေမှာပါ ရှေ့တန်းနယ်မြေဖြစ် နေ ပြီးတော့ အေးအေးဆေးဆေးနဲ့ လုံခြုံစွာနေနိုင်ခြင်း မရှိတော့ဘူးဆိုတာကို ဒီတိုက်ပွဲတွေကနေ ဖော်ပြ နေပါတယ်။ ဒီလိုမျိုး စခန်းသိမ်းတိုက်ပွဲတွေ လေတပ်စခန်းတွေ၊ စစ်လက်နက်ပစ္စည်းစစ်ရုံတွေ ၊ စစ် တပ် ဌာနချုပ်တွေကို ကျွန်တော်တို့က အခုလိုပဲ အောင်အောင်မြင်မြင်နဲ့ တိုက်ခိုက်နိုင်နေတာက ပြည်သူ့ ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်အင်အားစုတွေရဲ့ စစ်ရေးစွမ်းရည်ပြည့်ဝလာရုံတင်မကပါ ဘူး။ နောက်တန်းကနေ ဘဏ္ဍာရေးပိုင်းကို ပံ့ပိုးပေးနေကြတဲ့ ပြည်တွင်းပြည်ပက ထောက်ပို့ပိုင်း အလှူရှင် တွေ ၊ ထောက်ပို့တပ်သားတွေရဲ့ အရေးကြီးပါတယ်။ အဓိက ကျတယ်ဆိုတာကိုလည်း ထပ်လောင်းပြီး တော့ ပြောကြားချင်ပါတယ်” ဟု NUG ကာကွယ်ရေး ဝန်ကြီးဌာ၊ ပြောရေးဆိုခွင့်ရှိသူ ဒုတိယအတွင်း ဝန် ဦးမောင်မောင်ဆွေက ပြောကြားသည်။
၂၀၂၃ ခုနှစ်၊ ပထမ ၆ လအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်စခန်း၊ မင်္ဂလာဒုံလေ တပ် စခန်း၊ မကွေးလေတပ်စခန်း၊ တောင်ငူလေတပ်စခန်းနှင့် ကျောက်ထုလေတပ် စခန်းတို့ကို လက် နက်ကြီ များဖြင့် ၇ ကြိမ်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်တပ်စခန်း ၃၀ ကို လည်း သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းတို့မှာ ကရင်နီဒေသ၌ ၁၀ ခု၊ စစ်ကိုင်းတိုင်းတွင် ၆ ခုနှင့် တောင်းပိုင်းတိုင်း တွင် ၁၄ ခုဖြစ်ကြောင်း၊ ရဲစခန်း ၁၅ ခု၊ နယ်ခြား စောင့်တပ်စခန်း ၁၀ ခုနှင့် ပျူစခန်း ၁၄ ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။
“ကြီးမားကျယ်ပြန့်တဲ့ စစ်နယ်တွေမှာ မဟာဗျူဟာကျကျအချိတ်အဆက်မိမိနဲ့လည်း ကျွန်တော်တို့က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ချေမှုန်းနိုင်နေပြီဖြစ်ပါတယ်။ အခုကို စစ်ရေးစွမ်းအင်တွေ ထက်မြက်လာတာ ၊ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံ့ရဲ့ တောင်ပိုင်း မြောက်ပိုင်း အလယ်ပိုင်း ဒေသစုံ မှာ ဟန်ချက်ညီညီတိုက်ပွဲဝင်လာနိုင်တာ အပေါ်က အချက်တွေကို ကြည့်ခြင်းအားဖြင့် ပြည်သူလူထု အနေနဲ့ သဘောပေါက် သိရှိနိုင်ပါတယ်။ ဒီ ၂၀၂၃ ခုနှစ်ကစလို့ ရန်သူ စစ်ကောင်စီအနေနဲ့ ရှေ့တန်းမှာ သာ ရှေ့တန်းမဟုတ်ဘဲနဲ့ သတ်မှတ်ဌာနချုပ်တွေမှာလည်း အရင်လို စိတ်အေးလက်အေးနဲ့ နေနိုင်ခြင်း မရှိဘဲနဲ့ ရှေ့တန်းလိုပဲ ပုန်းလျှိုးကွက်လျှိုးနဲ့ နေနေရတဲ့သဘောရှိပါတယ်။” NUG ကာကွယ်ရေး ဝန် ကြီးဌာ၊ ပြောရေးဆိုခွင့်ရှိသူ ဒုတိယအတွင်း ဝန် ဦးမောင်မောင်ဆွေက ပြောဆိုသည်။
၂၀၂၃ ခုနှစ်၊ ပထမ ၆ လအတွင်း ထိတွေ့တိုက်ပွဲပေါင်း ၉၃၅ ကြိမ်ဖြစ်ကာ အကြမ်းဖက်စစ်သား ၃၀၁၂ ဦးသေဆုံးခဲ့ပြီး ၄၀၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ အသုံးပြု သော လက်နက်ငယ် ၂၀၃ လက်၊ ကျည်ဆံပေါင်း ၃ သောင်းကျော်၊ ဗုံးသီး ၆၀၀ ကျော်နှင့် မိုင်း ၁၇၀ ကျော် သိမ်းဆည်း ရရှိခဲ့ ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ လေကြောင်း၊ ဒုံးကျည်များဖြင့် ပစ်ခတ်မှု အကြိမ် ၁၀၀ ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒရုန်းတပ်ဖွဲ့မှ အကြမ်းဖက်စစ်ကောင်စီ၏ သတ်မှတ်ဌာနချုပ်များကို ၂၅၅ ကြိမ်ဗုံးကျဲတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
“ပြည်သူလူထုရဲ့ ငွေကြေးပိုင်းအကူအညီတွေကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနကလည်း အလေး အ နက် ချီးကျူးဂုဏ်ပြုပါတယ်ဆိုတာကိုလည်း ကျွန်တော် ထပ်လောင်းပြီးတော့ ပြောကြားချင်ပါ တယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေနဲ့ မဟာမိတ်အင်အားစုတွေကလည်း မကြာမီသော ကာလမှာ ထိုးစစ်ကာလကို ရောက်ရှိလာဖို့ ရှိပါတယ်။ အဲဒီ ထိုးစစ်ကာလကိုရောက်ရင် စစ်ကောင်စီ တပ်သားတွေ အနေနဲ့ ဒီထက်ပိုပြီးတော့ ကျရှုံးတော့မှာ အမှန်ပဲဆိုတာ ပြည်သူလူထုကို ထပ်မံပြီးတော့ တင်ပြချင်ပါ တယ်။” NUG ကာကွယ်ရေး ဝန် ကြီးဌာ၊ ပြောရေးဆိုခွင့်ရှိသူ ဒုတိယအတွင်း ဝန် ဦးမောင်မောင်ဆွေက ပြောကြားသည်။