25 C
Yangon

လဲချားမြို့နယ်တွင် စစ်တပ်နှင့် SSPP တို့ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သား ၁၀ ဦးသေဆုံးကာ ၂ ဦး အရှင်ဖမ်းမိပြီး SSPP ရဲဘော် ၁ ဦးကျဆုံး

Must read

လဲချားမြို့နယ်တွင် စစ်တပ်နှင့် SSPP တို့ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သား ၁၀ ဦးသေဆုံးကာ ၂ ဦး အရှင်ဖမ်းမိပြီး SSPP ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ သြဂုတ် ၈

ရှမ်းပြည်နယ်၊ လဲချားမြို့နယ်တွင် စစ်တပ်နှင့် SSPP တို့ဖြစ်ပွားခဲ့သော တိုက်ပွဲ အတွင်း စစ်သား ၁၀ ဦးသေဆုံးကာ ၂ ဦး အရှင်ဖမ်းမိထားကြောင်း SSPP က ထုတ်ပြန်ထားသည်။

သြဂုတ်လ ၆ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်မှ စတင်ပြီး ညနေ ၃ နာရီ ဝန်းကျင် အထိ လဲချားမြို့နယ်တွင် SSPP/SSA နှင့် အကြမ်းဖက် စစ်တပ် တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့​ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦး ထက် မနည်း သေဆုံးကာ စစ်သား ၂ ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်သုံးယာဥ် ၁ စီးပါ ဖမ်းစီးရရှိခဲ့ကြောင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA ဘက်မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ပင်လုံ – လဲချား – မိုင်း နောင် နှင့် လဲချားမြို့နယ်ထဲမှ နမ့်တိန်းတံတား အဝင်ကို သွားလာ ခွင့်ပိတ် ပင်ထားပြီး နှစ်ဖက် စစ်ရေး တင်းမာလျက်ရှိကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း လဲချားမြို့နယ်၊ ဟိုင်းဆိုင်အုပ်စု တိုက်ပွဲနှင့် နီးသည့် နောင်ကျန် ကျေး ရွာ၊ နမ့်ပေါက်ကျေးရွာ၊ နမ့်လုတ်းကျေးရွာ မှ ပြည်သူများသည် ဟိုင်းဆိုင် ကျေးရွာ ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး မတ်လန်းကျေးရွာမှ ဒေသ ပြည် သူများသည် လဲချားမြို့ဘက်သို့ ထွက် ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article