30 C
Yangon

ပုလဲမြို့နယ်၊ ကျေးနင်းကြီးကျေးရွာအနီးတိုက်ပွဲတွင် စစ်သား ၁၅ ဦးထက်မနည်းသေဆုံး

Must read

ပုလဲမြို့နယ်၊ ကျေးနင်းကြီးကျေးရွာအနီးတိုက်ပွဲတွင် စစ်သား ၁၅ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဩဂုတ် ၈

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကျေးနင်းကြီးကျေးရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၁၅ ဦးထက် မနည်းသေဆုံးခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A) တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန် ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၇ ရက် နံနက် ၉ နာရီခန့်က ပုလဲမြို့နယ်၊ ဇီးဖြူကုန်း(ပျူ)ရွာမှ အင်အား ၈၇ ဦး ဖြင့် ထွက်လာသော အကြမ်းဖက်ကောင်စီ၏ လက်အောက်ခံ စအရ ၉၀၉ ၊ ခမရ ၇၀၄ တပ်ရင်းတို့မှ တပ် သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ကျေးနင်းကြီးကျေးရွာ၊ ကြောင်သန်းကျေးရွာနှင့် ဆင်ရှင်ကျေးရွာ ၃ ရွာကြား၌ အသင့်စောင်ကြိုတိုက်ခိုက်ခဲ့ရာ တပ်ဦးမှတက်လာသော အကြမ်းဖက်စစ် သား ၅ ဦးအပါအဝင် ၁၀ ဦးခန့် နေရာမှာပင်လဲကျသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ မဟာဗျူဟာကျကျ မီတာ ၁၀၀ အ တွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်လက် တိုက်ခိုက်ခဲ့ရာ ၂ နာရီခန့် တိုက်ပွဲကြာမြင့်ခဲ့ ကြောင်း၊ အကြမ်းဖက်စစ်သားများမှာ ထပ်မံထိခိုက်သေဆုံးခဲ့ပြီး ဝရုန်းသုန်းကား ဖြစ်ကာ နေ့လည် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ A-5 Bomber ခေါ် Jet Fighter ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ပစ်ကူယူကာ သေဆုံးဒဏ်ရာရ စစ်သား အလောင်းများကို သယ်ဆောင်၍ ကျေးနင်းကြီးကျေးရွာအတွင်းသို့ တပ်ဆုတ်ပြေးသွားသည်ဟု ဆိုသည်။

လေကြောင်းပစ်ကူတိုက်ခိုက်မှုကြောင့် လက်နက်ခဲယမ်းအမြောက်အများကောက်ယူခွင့်မရခဲ့ပဲ ခဲယမ်း အချို့နှင့် အသုံးအဆောင်ပစ္စည်းအချို့သာ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ကျေးနင်းကြီးကျေးရွာအတွင်း ဝင် ရောက်သွားသော အကြမ်းဖက်စစ်သားများမှာ ရေဝန်းဘုန်းကြီးကျောင်း အတွင်း အဓိကတပ်စွဲထားပြီး ဒဏ်ရာရ စစ်သားများကို ဆေးကုကာ သေဆုံးအလောင်းများကို သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) နှင့် ခရိုင် တပ်ရင်း (၆) M.R.D.A တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article