34 C
Yangon

ရန်ကုန်မြို့လယ်တွင် ရှစ် လေးလုံးလူထုအရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်း အမှတ် လှုပ်ရှားမှု ပြုလုပ်

Must read

ရန်ကုန်မြို့လယ်တွင် ရှစ် လေးလုံးလူထုအရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်း အမှတ် လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဩဂုတ် ၈

ရန်ကုန်မြို့လယ်တွင် ရှစ် လေးလုံးလူထုအရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်း အမှတ် လှုပ်ရှားမှုကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)နှင့် လူ့ ဘောင် သစ်လူငယ် (YNS)တို့က ရန်ကုန်မြို့လယ်၊ ဆူးလေလမ်းမ လူကူး ကုန်းကျော်တံတားပေါ်တွင် ပြုလုပ်ကြောင်း သိရှိရသည်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှ ပြန်လည်စတင်ခဲ့သော ကနေ့ လူထုတော်လှန် ရေးသည် လွန်ခဲ့သော ၃၅ နှစ် က လူထုလူလူတန်းစား အလွှာပေါင်းစုံ တော် လှန်ခဲ့သော စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲအဆက်ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့အထိ နှစ်ပေါင်းများစွာ ပြည်သူလူထုအား ဖိနှိပ်အနိုင် ကျင့် နေသော စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး တောင်တန်း မြေ ပြန့် လူထု လူတန်းစားတရပ်လုံး လွတ်မြောက်ဖို့ ဆက်လက် တိုက်ပွဲဝင် သွားကြရန် မိမိတို့အနေဖြင့် လေးနက်စွာ တိုက်တွန်းနိုးဆော် လိုက်ပါသည်” ဟု လူ့ဘောင် သစ် ဒီမိုကရက်တစ်ပါတီ (DPNS)က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article