Khit Thit သတင်းဌာန၏ ဩဂုတ် ၈ ရက်နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၈ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ရန်ကုန်မှာ ရှစ်လေးလုံး အရေးတော်ပုံ ၃၅ နှစ်ပြည့်အဖြစ် “တော်လှန် မီးတောက်တွေ လောင်ကျွမ်း နေတုန်းဘဲ” ဆိုတဲ့ စာတန်းပါ ထီးအနီရောင် လှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်က ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-ရှမ်းပြည်နယ်၊ လဲချားမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ SSPP တပ်အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က ၁၀ ဦး ထက်မနည်း သေသွားတဲ့အပြင်တပ်သား ၂ ဦးကိုပါ အရှင်ဖမ်းဆီးရမိထားတယ်လို့ SSPP ကနေ ထုတ်ပြန်ထားပါတယ်။
– ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ၊ ကျင်ဒွေးမြို့ကနေ မကွေးတိုင်း၊ လောင်းရှည် မြို့နယ် ဘက်ကို ပြန်ဆင်းသွားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းဟာ လမ်းတလျှောက်မှာရှိတဲ့ စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေ ပြည်သူပိုင် နေအိမ်တွေကို ဖျက်ဆီးသွား တဲ့ အပြင် ၊ ပြည်သူပိုင် ပစ္စည်းတွေကိုပါ ခိုးယူလုယက် သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကို တင်ဆက်ပေးပါမယ်။