26 C
Yangon

ရွှေဘိုမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာနှင့် ပျူစောထီး စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

Must read

ရွှေဘိုမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာနှင့် ပျူစောထီး စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာနှင့် ပျူစောထီး စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၇ ရက်နေ့ နံနက် ၈ နာရီ ၄၃ မိနစ်ခန့်တွင် ဇီးဖြူကုန်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို Drone ဖြင့် ၆၀ မမ အသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ယင်းနေ့ ညနေ ၅ နာရီ မိနစ်၂၀ ခန့်တွင် သေဆုံးသွားကြောင်း သိရပါသည်။

ယင်းနေ့ ညနေပိုင်းတွင် ကတိုးဆိပ်ရွာမှ ပျူစောထီးများပါဝင်သော စစ်ကြောင်းသည် တည်သီးတောပျူကျေးရွာမှ ထွက်ခွာလာချိန် မင်းဘေးရွာနှင့် ဂျိုးမြေဇင်းအကြား လမ်းပိုင်း တစ်နေရာတွင် ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ပျူ‌စောထီး ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ပျူခွေး ၆ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားပြီး ည ၇နာရီ ဝန်ကျင်းတွင် ပြင်းထန်ဒဏ်ရာရသော ပျူစောထီးများထဲမှ ၃ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF အဖွဲ့ ၊ Lightning Done Force – We are Everywhere Drone တပ်ဖွဲ့၊ ဒီပဲယင်း လက်ဝါးအဖွဲ့၊ GOLDEN EAGLE-ZBG LPDF၊ ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF၊ တောင်သူကြီးများအဖွဲ့-LDF၊သပြေညို ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Bo Ba Taw – SHWEBO LPDF အဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article