အုတ်ဖိုတွင် CDM သူနာပြု နှင့် PDF ၂ ဦးကို သတ်ဖြတ်ရာ၌ ဦးဆောင် ပါဝင်ခဲ့သည့် ရာအိမ်မှူးဂျော့(စ်) ပစ်ခတ်ခံရပြီး သေဆုံး၊ အလောင်းလာကောက်သည့် ရဲကားကိုပါ မိုင်းဆွဲ တိုက်ခိုက်
ရန်ကုန်၊ ဩဂုတ် ၈
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာတွင် CDM သူနာပြု ဆရာမ မမေဇွန်မိုးနှင့် PDF နှစ်ဦး ကို သတ်ဖြတ်ရာ၌ စစ်တပ်နှင့်အတူ ဦးဆောင်ပါဝင်ခဲ့သည့် ရာအိမ်မှူးဂျော့(စ်)ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားပြီး အလောင်းလာကောက်သည့် ရဲကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးဒဏ်ရာရရှိခဲ့ ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။
ယမန်နေ့ ဩဂုတ်လ ၇ ရက် ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာတွင် အုပ်ချုပ်ရေးမှူး မျိုးဝင်းသည် အုပ်ချုပ်ရေးမှူးဆက်မလုပ်ရဲတော့သဖြင့် ထွက်ပြေးပုန်းရှောင်နေရာ ၎င်း နေရာကို ရာအိမ်မှူး ဂျော့(စ်)က တာဝန်ယူထားပြီး ပြည်သူအပေါ်အနိုင်ကျင့်ကာ တရားမဝင် လောင်းက စား ဝိုင်းများ၊ ချဲနှစ်လုံးဒိုင်များ၊ အရက်ဘီယာဆိုင်များကို လိုက်လံငွေကြေးကောက်သည့် အပြင် PDF စခန်း နေရာများကို သတင်းပေးခြင်း၊ CDM သူနာပြု ဆရာမ မမေဇွန်မိုးနှင့် PDF ရဲဘော် နှစ် ဦးကို သတ် ဖြတ်ရာတွင် စစ်သားများနှင့်အတူ အဓိကဦးဆောင်ပါဝင်းခြင်း၊ ပြည်သူလူထုအပေါ် ဖမ်းဆီးရိုက်နှက် ခြင်းတို့ ကျူးလွန်နေသူဖြစ်သဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
“အုပ်ကြီးမျိုးဝင်းကတော့ ပြေးပြီ၊ မျိုးဝင်းက အရင်က စစ်တပ်ထဲမှာသွားပုန်းနေတာ၊ စစ်တပ်ထဲမှာနေ တာ တောင် မလုံခြုံတော့ဘူးဆိုပြီး တခြားနေရာကို ပြောင်းသွားတယ်လို့ ကြားတယ်၊ အခုပစ်ခတ် ရှင်း လင်းလိုက်တဲ့သူက မျိုးဝင်းရဲ့နေရာကို ယူပြီး ငွေရမယ့်အရာမှန်သမျှ ပြည်သူအပေါ်အနိုင်ကျင့်ပြီး စား ဝတ်နေရေး ရပ်တည်နေတာ၊ စကစ အလိုကျ စခန်းတွေလိုက်ပြတာတို့ ဆက်ကြေးကောက်တာတို့ စစ်တပ် ခိုင်းတာမှန်သမျှ အကုန်လုပ်တယ်၊ အခုက သစ်၊ မီးသွေး ဂိတ်လုပ်ထားပြီးတော့ တပည့်တွေမွေး ပြီး အကောက်ဂိတ်မှာ ရာအိမ်မှူးဂျော့(စ်)က ငွေကိုင်လုပ်နေတာ၊ သူ့ကို ပစ်ခတ်ရှင်းလင်းပြီးတော့ သူ့အ လောင်းလာကောက်တဲ့ ကားတွေကိုလည်း မိုင်းခွဲတိုက်ခဲ့တယ်၊ ရဲနှစ်ယောက်တော့ စစ်ဆေးရုံတင်ထားရ တယ်၊ မနေ့က အလောင်းတောင် မသယ်ရဲပဲ ကားတွေ ပြန်ပြေးကုန်တာ၊ ဘယ်အချိန်ထပ်လာသယ်သွား လဲတော့ မသိတော့ဘူး” ဟု မြေ အောက်ပြောက်ကျား တပ်ဖွဲ့ (အုတ်ဖို)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ ပစ်ခတ်ရှင်းလင်းတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက် ကျားတပ်ဖွဲ့(အုတ်ဖို)၏ ရဲဘော်များမှ ဂျော့(စ်)ကို ၎င်း၏ နေအိမ်အတွင်း ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ် ရှင်းလင်းခဲ့ဖြစ်ကြောင်း၊ ညနေ ၅ နာရီ ၅၈ မိနစ်တွင် ရာအိမ်မှူးဂျော့(စ်)၏ အလောင်းအား ကောက်ယူ ရန်လာရောက်သည့် စစ်ကားနှင့် ရဲကားများကို ထန်းပင်ကုန်းကျေးရွာနှင့် တိမ်မြှုပ်ကျေးရွာ ကြားရှိ ကြယ်နီကုန်းရွာအနီး၌ စောင့်ကြိမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲကားကို တည့်တည့်ထိမှန်ပြီး ကားမှာ လမ်း ဘေးထိုးကျသွားကာ ရဲနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။