နတ်မောက်မြို့ အဝင်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ သြဂုတ် ၈
မကွေးတိုင်း၊ နတ်မောက်မြို့ အဝင်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း OPRF – အဖိနှိပ်ခံပြည်သူ့ တော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်ခန့်တွင် နတ်မောက်မြို့ အဝင်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်၊ ကင်းကြည့်စင်မြင့်နှင့် ဘန်ကာ တို့ကို OPRF – အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု မှ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
” နတ်မောက်မြို့ အဝင်မှာရှိတဲ့ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်၊ ကင်းကြည့်စင်မြင့်နဲ့ ဘန်ကာ တို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ စစ်ခွေးတွေ အထိအခိုက် ရှိမရှိတော့ မသိရသေးဘူး” ဟု OPRF – အဖိနှိပ်ခံပြည်သူ့ တော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
