25 C
Yangon

ရှမ်းမြောက်ရှိ ABSDF တပ်ရင်းတွင် ၈၈၈၈ လူထု အရေးတော်ပုံ ၃၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်

Must read

ရှမ်းမြောက်ရှိ ABSDF တပ်ရင်းတွင် ၈၈၈၈ လူထု အရေးတော်ပုံ ၃၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်

ရန်ကုန်၊ သြဂုတ် ၈

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ABSDF ကျောင်းသား တပ်မတော် တပ်ရင်းတွင် ယနေ့ သြဂုတ်လ ၈ ရက်နေ့၌ ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်​​မြောက် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောင်းသားတပ်မတော် အလံတော်အား အလေးပြုခြင်း၊ ကျဆုံးအာဇာနည်များအား ဦးညွတ် အလေးပြုခြင်း၊ ရဲဘော်များမှ ၈၈၈၈ လူထု အရေးတော်ပုံ ဖြစ်ပေါ်ခဲ့ရသည့် သမိုင်းကြောင်းများကို ပြောပြပြီး အရေးတော်ပုံတွင် ကိုယ်တိုင်ပါဝင်ခဲ့ကြသော ရဲဘော်များမှညလည်း အတွေ့အကြုံဖြစ်ရပ်များကို ပြောပြခဲ့ကြောင်း သိရှိရသည်။

ABSDF ကျောင်းသားတပ်မတော် မြောက်ပိုင်း ကော်မတီ ဥက္ကဌ ရဲဘော် လဆိုင်း မှ အမှာစကား​ ပြောကြားပြီး မဟာမိတ် အဖွဲ့အစည်း အသီးသီးမှ ပေးပို့သော သဝဏ်လွှာများကို ဖတ်ကြားခြင်းများပြုလုပ်ခဲ့ကြောင်း၊ ရဲဘော်များမှ အမှတ်တရ ကဗျာများ ရွတ်ဆိုခဲ့ပြီး သွေးသစ္စာ သီချင်းကို သံပြိုင်ဆိုကာ အခမ်းအနား ပြီးဆုံးကြောင်း ကြေငြာခဲ့ကြောင်း သိရသည်။

ABSDF ကျောင်သားတပ်မတော်သည် ၈၈၈၈ လူထုအရေးတော်ပုံမှ ပေါက်ဖွားလာသော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး “တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင် စနစ်မှ လွတ်မြောက်ရေး၊ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးရရှိရေး၊ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး” ဟူ၍ ဦးတည်ချက် (၄) ရပ်ကို ကိုင်စွဲပြီး မြန်မာနိုင်ငံ အနှံအပြားတွင် တော်လှန်ရေး လုပ်ငန်းစဥ်များဆောင်ရွက်လျက် ရှိတဲ့ အဖွဲ့အစည်း တစ်ခုလည်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article