လောင်းလုံးမြို့နယ်တွင် တော်လှန်လူငယ်များက “၈၈၈၈ စိတ်ဓါတ် ကိုင်စွဲ ၊ လူထုတော်လှန်ရေး ဆင်နွှဲ” စာသား ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြ
ရန်ကုန်၊ သြဂုတ် ၈
လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီ အရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၈ ရက်နေ့တွင် ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့်နေ့ အဖြစ် “၈၈၈၈ စိတ်ဓါတ် ကိုင်စွဲ ၊ လူထုတော်လှန်ရေး ဆင်နွှဲ” စာသား ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။