33 C
Yangon

ပခုက္ကူရှိ စစ်တပ်၏ ၁၀၁ ခြေမြန်တပ်မဌာနချုပ်နှင့် အထိုင်စခန်း ၂ ကို တာဝေးပစ်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ လောင်းလုံးတွင် စစ်ကား ၂ စီး မိုင်းဆွဲ ခံရပြီးနောက် တိုက်ပွဲဖြစ်ပွား

Must read

ပခုက္ကူရှိ စစ်တပ်၏ ၁၀၁ ခြေမြန်တပ်မဌာနချုပ်နှင့် အထိုင်စခန်း ၂ ကို တာဝေးပစ်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ လောင်းလုံးတွင် စစ်ကား ၂ စီး မိုင်းဆွဲ ခံရပြီးနောက် တိုက်ပွဲဖြစ်ပွား

ရန်ကုန်၊ သြဂုတ် ၈

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်နှင့် အထိုင် စခန်း ၂ ကို တာဝေးပစ်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ပခုက္ကူ ပကဖအဖွဲ့ထံမှ သိရသည်။

သြဂုတ်လ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကောင်စီ အထိုင်စခန်း ၂ ခုဖြစ်သော င်ပင်ဂိတ်စခန်း၊ အရှေ့ဘုန်းကန်ပျူရွာစခန်းနှင့် ပခုက္ကူမြို့ရှိ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်ကို ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် တော်လှန်ရေး တပ်ဖွဲ့များက တာဝေးပစ်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

တိုက်ခိုက်မှုအတွင်း တပ်မ ၁၀၁ ထဲကို တာဝေးပစ်ဒုံး ၅ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကာ အရှေ့ဘုန်းကန် ပျူအထိုင်ချရာ ကျောင်းထဲကို ၄ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး စစ်တပ်ဘက်မှ လက်နက်ကြီး ၁၀ လက်ချက်ခန့်ဖြင့် ကင်းရွာအထိ တန်ပြန်တိုက် ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Pakokku Special Guerrilla Force-PSGF ( ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ) ၊ Dragon force ၊ ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့၊ BRR – PDF ၊သူရိန်တပ်ဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူး ရုံးအနီးသို့ ကင်းလှည့်လာသော ကား ၂ စီးကို ယနေ့ သြဂုတ်လ ၈ ရက်နေ့ နံနက် ၇ နာရီ ၃၀မိနစ်ခန့်တွင် တော်လှန်ရေး မဟာမိတ် ညီနောင်အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယင်းသို့ စစ်ကား ၂ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် လောင်းလုံး PDF နှင့် အကြမ်းဖက် စစ်တပ်တို့ ထိတွေ့ တိုက်ပွဲ ၂၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားနေစဉ် အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူ ကား ၂ စီးရောက်ရှိလာပြီး RPG အပါအဝင် လက်နက်ကြီးများ၊ စက်သေနတ်များဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သာကြောင့် PDF ရဲဘော်များ ပြန်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article