26 C
Yangon

တရုတ် China Exim Bankထံမှ အတိုးနှုန်းအမြင့်ဖြင့် ချေးယူထားသော ဒေါ် လာ သန်း ၄၀၀ ပြန်ဆပ်ရန် ငွေလဲနှုန်း တစ်ဒေါ်လာ ၃၄၀၀ ကျော် နေ၍ သမဝါယမ အသင်းများနှင့်စစ်ကောင်စီ အခက်ကြုံနေ

Must read

တရုတ် China Exim Bankထံမှ အတိုးနှုန်းအမြင့်ဖြင့် ချေးယူထားသော ဒေါ် လာ သန်း ၄၀၀ ပြန်ဆပ်ရန် ငွေလဲနှုန်း တစ်ဒေါ်လာ ၃၄၀၀ ကျော် နေ၍ သမဝါယမ အသင်းများနှင့်စစ်ကောင်စီ အခက်ကြုံနေ

ရန်ကုန်၊ ဩဂုတ် ၉

သိန်းစိန်အစိုးရလက်ထက် သမဝါယမဝန်ကြီးဌာနက တရုတ်နိုင်ငံ The Export-Import Bank of China (China Exim Bank)ထံမှ ချေးယူထားသော အတိုးနှုန်း မြင့်မားသည့် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကို ပြန်လည် ပေးဆပ် ရန် ငွေလဲနှုန်းသည် တစ်ဒေါ်လာ ၃၄၀၀ ကျပ်ဝန်းကျင်ရောက်ရှိနေသ ဖြင့် စစ်ကောင်စီနှင့်သမဝါယမအသင်းများ အခက်ကြုံ နေကြောင်း သိရှိရသည်။

သိန်းစိန်အစိုးရလက်ထက် သမဝါယမဝန်ကြီး ကျော်ဆန်းက ၂၀၁၃ ခုနှစ်တွင် အောက်တိုဘာလ ၁၈ ရက်နေ့တွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူခဲ့ ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ သန်း ၃၀၀ ထပ်မံ ချေးယူခဲ့ပြီး ယင်းငွေ များကို အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်း ပေးရကြောင်း၊ ဒေါ်လာ သန်း ၄၀၀ ချေးငွေများကို ဝန်ကြီးဌာန ဗဟိုသမဝါယမ အသင်း၊ ပြည်နယ်တိုင်း သမဝါ ယမ အသင်းများ နှင့် မြို့နယ်သမဝါယမ အသင်းတို့ကို ပြန်လည် ချထားပေး ခဲ့ကြောင်း သိရှိရသည်။

သမဝါယမ ဝန်ကြီးဌာနက ၂၀၁၅ ခုနှစ် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကို လယ်ယာသုံး/လုပ်ငန်းသုံး ပစ္စည်းများ အရစ်ကျစနစ်ဖြင့် ဝယ်ယူမှုအတွက် ဒေါ်လာသန်း ၃၀ ၊ ချေးငွေ တစ်သိန်းမှ ငါးသိန်းအထိ တိုးမြှင့်ထုတ်ချေးခြင်း ဒေါ်လာသန်း ၅၀ ၊ ချေးငွေမရရှိသေးသော အသင်းသူ/အသင်းသားများသို့ ထုတ်ချေးပေးရန်အတွက် ဒေါ်လာသန်း ၂၂၀ အသုံးပြုခဲ့ကြပြီး စစ်တပ်နှင့် နီးစပ်သူများ၊ ကုမ္ပဏီများ၊ သမဝါယမအသင်းများက အဓိက ရရှိခဲ့ကြကြောင်း သိရှိရသည်။

“ဒီသမဝါယမ ချေးငွေ ဒေါ်လာ သန်း ၄၀၀ က သက်တမ်း ၁၀ နှစ်။ ၂၀၁၃ က စတာဆိုတော့ အခု ဒီနှစ်ထဲမှာ အ‌ပြီးဆပ်ရမှာ။ ရှေ့မှာ ၂၀၂၁ ခုနှစ်အထိ ဒေါ်လာ ၂၄၇ သန်းနဲ့ အတိုး ၉၄ သန်း နီးပါး ဆပ်ပြီးပြီ။ အာဏာသိမ်း လိုက်ပြီး တော့ စီးပွားရေးတွေ ပျက်ကုန်တယ်။ နယ်တွေမှာ အသင်းတွေလည်း ပျက်ကုန် ပြီးတော့ စစ်ဘေးရှောင်ကြရတယ်။ အခုဆပ် စရာက သန်း ၂၀၀ ကျော် ထပ် ဆပ် ရမယ်။ အတိုးနဲ့အရင်းပေါင်း။ နောက်တစ်ခါ ငွေလဲနှုန်းကလည်း အခု အရမ်း ပြောင်းသွားတော့ အရမ်းခက်ခဲနေတယ်” ဟု သမဝါယမအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

သမဝါယမ ဝန်ကြီးဌာနက ဒေါ်လာ သန်း ၄၀၀ ချေးယူချိန်က အမေရိကန် ဒေါ်လာ တစ်ဒေါ်လာ ငွေကျပ် ၁၀၀၀ ဝန်းကျင်သာရှိသော်လည်း လက်ရှိ သက်တမ်း ၁၀ နှစ်ပြည့်ချိန် ပြန်လည် ပေးဆပ်ရမည့်အချိန်တွင် အမေရိကန် တစ်ဒေါ်လာ ငွေကျပ် ၃၄၀၀ ကျပ် ရှိနေသဖြင့် ပြန်လည် ပေးဆပ်ရန် အလွန်အခက်အခဲဖြစ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

တရုတ် China Exim Bankက အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကို အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ချေးတာက သမဝါယမဝန်ကြီးဌာန အစိုးရ ကိုယ်စားပြုချေးခဲ့တာဆိုတော့ မဆပ် နိုင်ရင်လည်း စစ်ကောင်စီကပဲ ပြန်ဆပ်ရမှာပဲ” ဟု သမဝါယမအသင်း (ဗဟို) နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- တရုတ် China Exim Bank ။

တရုတ် China Exim Bank
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article