26 C
Yangon

ရေးမြို့နယ်၊ အစင်ရွာတွင် ပြည်သူလူထုကို ညှဉ်းပန်းနှိပ်စက်နေသည့် ပျူစော ထီးအဖွဲ့ ပစ်ခတ်ခံရပြီး ပျူခေါင်း ဆောင်ဖြစ်သူ အပါအဝင် ၃ ဦးသေဆုံး

Must read

ရေးမြို့နယ်၊ အစင်ရွာတွင် ပြည်သူလူထုကို ညှဉ်းပန်းနှိပ်စက်နေသည့် ပျူစော ထီးအဖွဲ့ ပစ်ခတ်ခံရပြီး ပျူခေါင်း ဆောင်ဖြစ်သူ အပါအဝင် ၃ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၉

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ရွာတွင် ပြည်သူလူထုကို ညှဉ်းပန်းနှိပ်စက်နေ သည့် ပျူစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြောက်ကျား တပ်ဖွဲ့က ပစ်ခတ်ရာ ၃ ဦးသေဆုံးကြောင်း အဆိုပါပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ဩဂုတ်လ ၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် အစင်ကျေးရွာမှ ပျူစော ထီး ခေါင်းဆောင် ရီဝေ ဦးဆောင်အဖွဲ့က လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် မွန်နှင့် တနင်္သာရီဘက်တွင် စစ်ရေးလှုပ်ရှားနေသည့် PDF ပြောက်ကျား တပ်ဖွဲ့က ဝင် ရောက် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ပျူစောထီး ခေါင်းဆောင် ရီဝေ အပါအဝင် ၃ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

” ​ရေးမြို့နယ် အစင်ရွာမှာ ပြည်သူလူထုကို နှိပ်စက်ညှင်းပန်း ဆက်ကြေး​ကောက် ဆိုးသွမ်းနေ​တဲ့ ပျူ​စောထီးအဖွဲ့ကို ဝင်ပစ်တာမှာ ပျူ​စောထီး​ခေါင်း​ဆောင် ရီ​ဝေ အပါအဝင် ၃ဦး​သေ ၃ဦးဒဏ်ရာရရှိခဲ့ပါတယ်” ဟု ပြောက် ကျား တပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

ပြည်သူများကို ဖိနှိပ်ဒုက္ခ​ပေး​နေသည့် စစ်​ကောင်စီနှင့်ပျူ​စောထီးအဖွဲ့များကို မည်သည့်​နေရာမဆို တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများအနေဖြင့် ခပ်​ဝေး​ဝေး​နေကြရန် ပြည်သူ့ကာကွယ်​ရေး​ပြောက်ကျားအဖွဲ့​​ခေါင်းဆောင်က အသိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article