29 C
Yangon

လဲချားမြို့နယ်တွင် စစ်တပ်နှင့် SSPP တို့ စစ်ရေး တင်းမာနေပြီး စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် လှည့်ပတ်ပျံသန်းနေ

Must read

လဲချားမြို့နယ်တွင် စစ်တပ်နှင့် SSPP တို့ စစ်ရေး တင်းမာနေပြီး စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် လှည့်ပတ်ပျံသန်းနေရန်ကုန်၊ သြဂုတ် ၉ရှမ်းပြည်နယ်၊ လဲချားမြို့နယ်တွင် စစ်တပ်နှင့် SSPP တို့ စစ်ရေး တင်းမာနေပြီး စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် လှည့်ပတ်ပျံသန်းနေကြောင်း SSPP တပ်ဖွဲ့ထံမှ သိရသည်။သြဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ /ရှမ်းပြည်တပ်မတော် SSPP/SSA တို့ စစ်ရေးတင်းမာနေသည့် ဒေသများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ၂ ကြိမ် လှည့်ပတ် ပျံသန်းလျက်ရှိကြောင်း သိရှိရသည်။ယနေ့ နံနက် ၉ နာရီ ၅၉ မိနစ်ခန့်တွင် ၁ ကြိမ် နံနက် ၁၁ နာရီ ၅၃ မိနစ်ခန့်တွင် ၁ ကြိမ် ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ်ဘက်မှ ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်အတွင်း စစ်ရေးတင်းမာလျက်ရှိသော ကန်းအွန်ကျေးရွာ ၊ ဟိုင်းဆိုင်ကျေးရွာ ၊ နမ့်လုတ်ကျေးရွာ ၊ နမ့်ပေါက်ကျေးရွာ ၊ နောင် ကျန်ကျေးရွာ ၊ မက်လန်းကျေးရွာ ၊ နောင်လိုင်ကျေးရွာ ၊ မန်မိူင်ဆုန်ကျေးရွာ စသည့်ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် လှည့်ပတ်ပျံသန်းလျက်ရှိကြောင်း သိရသည်။
သြဂုတ်လ ၆ ရက်နေ့က အကြမ်းဖက် စစ်တပ်နှင့် ရှမ်းပြည်တိုး တက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး ၂၀ ဦးနီးပါး ထိခိုက်ဒဏ် ရာရရှိကာ လက်ရှိချိန်ထိ စစ်ရေး တင်းမာလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article